ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေးအတွက် မိုင်းယုတံတား ယာယီပိတ်ထား

ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေးအတွက် မိုင်းယုတံတား ယာယီပိတ်ထား
ဧပြီ 2, 2020
By Tachileik News Agency
ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေးအတွက် မိုင်းယုတံတား ယာယီပိတ်ထား

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်ရိုင် မိုင်းယောင်းမြို့နယ်တွင် COVID-19 ရောဂါအန္တရာယ် ကာကွယ်ထိန်းချုပ်ကန့်သတ်နိုင်ရေးအတွက် တရုတ်နယ်စပ် အထူးဒေသ (၄)နှင့် ဆက်သွယ်ထားသည့် တံတားကို ၂၀၂၀ ခုနှစ်၊ မတ်လ (၃၁)ရက်နေ့ကစ၍ ယာယီပိတ်လိုက်ပြီဖြစ်သည်။

အဓိက ကတော့ ကျွန်တော်တို့မှာ ဖြစ်နေတဲ့ အနေအထားကလည်း တိုးလာတယ်။ ဒါကြောင့် ကိုယ့်မြို့နယ်အလိုက် ရောဂါကာကွယ်ရေးအဖွဲ့တွေ ဖွဲ့ထားပြီး ခရိုင်စီခန့်ကို တင်ပြပြီးဆောင်ရွက်လိုက်တာ။ တာချီလိတ်ဘက်က ပိတ်လိုက်ပြီး ကျွန်တော်တို့ဘက်က နေ့တိုင်းဝင်ထွက်နေတော့ အဆင်မပြေဘူး။ ဟိုဘက်က ပိတ်တာကြာပြီ။ ကျွန်တော်တို့ဘက်ကလူတွေကို လုံးဝပိတ်လိုက်တာ။ သူတို့ဘက်ကတော့ ဝင်ခွင့်ပေးထားတယ်။ ဒါကြောင့် ကျွန်တော်တို့ ပိတ်လိုက်တာ။ လူတွေ၊ ကား၊ ဆိုင်ကယ်သွားတာတွေ ပိတ်လိုက်တာ။ ကုန်ကားတော့ ဖြတ်ခွင့်ရတယ်။ ကုန်ကားတစ်စီးဆိုရင် လူတစ်ဦးနဲ့ပဲသွားရတယ်။ လူကတော့ ဟိုဘက်ကရော ဒီဘက်ကရော သွားလို့မရတော့ဘူး။ ဖြတ်သွားလာသူတွေ ဒုက္ခမဖြစ်အောင် ဟိုဘက်ကိုသွား ညှိနှိုင်းပြီး ပိတ်တာ။ သူတို့ဖက်ကလည်း လူတွေ မလွှတ်တော့ပါဘူး

ဟု မိုင်းယောင်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မိုင်းယောင်းမြို့နယ်နှင့် အထူးဒေသ (၄)မှ ကျိန်းယဲန်း ကူးသန်းသွားလာခြင်းကို မတ်လ (၂၄)ရက်နေ့ကတည်းက ပိတ်ထားခြင်းဖြစ်ပြီး COVID-19 ရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် ဒေသန္တရအမိန့်ကိုလည်း မတ်လ (၂၉)ရက်နေ့က ထုတ်ပြန်ထားကြောင်း သိရသည်။

ယင်းအပြင် မိုင်းယောင်းမြို့နယ် ကျေးရွာအချို့တွင် အဝင်အထွက်ကန့်သတ်မှုကို ဒေသခံများက မိမိတို့ အစီအစဉ်ဖြင့် ဆောင်ရွက်နေကြကြောင်း သိရသည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~