မိုးဗြဲနှင့် ဒီးမော့ဆိုတဝိုက် ၈ ရက်တာကာလတိုက်ပွဲများအတွင်း အာဏာသိမ်းတပ်ဘက်မှ ၂၀ ကျော် သေဆုံး

မိုးဗြဲနှင့် ဒီးမော့ဆိုတဝိုက် ၈ ရက်တာကာလတိုက်ပွဲများအတွင်း အာဏာသိမ်းတပ်ဘက်မှ ၂၀ ကျော် သေဆုံး
By Tachileik News Agency

မိုး‌ဗြဲနှင့် ဒီးမေ့ာဆိုဒေသများကို ထိုးစစ်ဆင်နေသည့် အာဏာသိမ်းစစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်များကြား ၂၀၂၂ ခုနှစ် မတ်လ(၉)ရက်မှ (၁၆)ရက်နေ့အထိ တိုက်ပွဲများအတွင်း အာဏာသိမ်းတပ်ဘက်မှ  (၂၅)ဦးသေပြီး အများအပြားဒဏ်ရာ သွားကြောင်း KNDF ကနေ့မတ်လ(၁၇)ရက်တွင် ထုတ်ပြန်သည်။ 

အာဏာသိမ်းစစ်ကောင်စီတပ်များသည် မိုးဗြဲ-ဒီးမော့ဆိုလမ်းရှိ၊ ပူးဖာကျေးရွာ၊ ကုန်းသာနှင့် ဒေါငံခါးရပ်ကွက်တို့မှ လွိင်ကော်- တောင်ငူလမ်းမကြီးတလျှောက် နောင်ပုလဲကျေးရွာဘက်များတွင် ထိုးစစ်ဆင်လျက်ရှိကြောင်း သိရသည်။

မတ်လ(၁၆)ရက်က ရှမ်း-ကယားနယ်စပ်၊ လယ်ထွန်ကျေးရွာ၊ဆောင်ကန်းကျေးရွာများနှင့် ပီကင်းကောခူကျေးရွာများတွင်  မိုးဗြဲဘက်မှ စစ်ကြောင်း ထိုးလာသည့် အကြမ်းဖက်စစ်ကောင်စီတပ်များကို KNDF နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ (၁၅)ဦးသေကြောင်း သိရသည်။

မတ်လ (၁၃)ရက်မှ (၁၆)ရက်အထိ ဒီးမော့ဆိုမြိုနယ်၊ ဒေါငံခါးမှ ခေါက်ပလော့နှင့် အုခူးရီရပ်ကွက်အထိ အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ အတွဲလိုက်ပစ်ဒုံးများဖြင့်ပစ်ခတ်ပြီး စစ်ကြောင်းများက ရပ်ကွက်တွင်းရှိ နေအိမ်များကို မီးရှိဖျက်ဆီးခဲ့ကြောင်း သိရသည်။

မတ်လ(၉)၊ (၁၁)နှင့် (၁၄) ရက်၊ နံနက်ပိုင်းတို့တွင် လွိုင်ကော်မြို့နယ် လင်ဖုံလေးကျေးရွာနှင့် ထီတရိကျေးရွာအနီး တပ်စွဲထား သည့် အကြမ်းဖက်စစ်ကောင်စီတပ်များကို ကရင်နီတပ်မတော် (KA)၊KNDF နှင့်ပြည်သူ့ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့မှ တိုက်ခိုက်ခဲ့ရာ ထိတွေ့တိုက်ပွဲ (၃) ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီတပ်မှ (၇) ဦးသေကြောင်း သိရသည်။ 

ဒါ့အပြင် မတ်လ (၉)ရက်က ပူးဖာကျေးရွာအတွင်း တပ်စွဲထားသည့် အကြမ်းဖက်စစ်ကောင်စီတပ်များအား ကရင်နီပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှအထိနာသဖြင့် ပူဖားကျေး ရွာနှင့် သေးဆူလဲကျေးရွာအတွင်းရှိ နေအိမ် (၁ဝ)လုံးအား မီးရှိဖျက်ဆီးခဲ့ကြကြောင်း သိရသည်။

မတ်လ (၁၀)ရက်၊ နံနက်ပိုင်းတွင် မိုးဗြဲမြို၊ ဝါရီဆူးဖလိုင်ကျေးရွာအတွင်း နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး မှိင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီ၏ မော်တော်ယာဥ်တစ်စီး ပျက်စီးခဲ့ကြောင်း သိရသည်။

ယင်းနေ့ နံနက်အစောပိုင်းတွင်ပင် ဒီးမော့ဆိုမြိုနယ်၊ ဒေါငံခါးကျေးရွာ၊နှင့် ကုန်းသာကျေးရွာအတွင်း အကြမ်းဖက်စစ် ကောင်စီတပ်မှ ဗုံးကျဲတိုက်ခိုက်ခဲ့မှုကြောင့် ဘာသာရေးအဆောက်အဦးနှင့် ဘိုးဘွားရိပ်သာ ကျောင်းဆောင်များ ပျက်စီးခဲ့ရကြောင်း သိရသည်။

မတ်လ (၁၁)ရက်၊ နံနက်ပိုင်းတွင် ဒီးမော့ဆိုမြိုနယ်၊ ဒေါရောက်ခူကျေးရွာအနီးတဝိုက်ကို လေကြောင်းဖြင့် (၈) ကြိမ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

မတ်လ (၁၂) ရက်တွင် ဖရှုဆိုမြိုနယ်၊ မာခရော့‌ရှေး ကျေးရွာအနီး အကြမ်းဖက်စစ်ကောင်စီတပ်၏ ခြေကုပ်စခန်းတစ်ခုကို ကရင်နီတပ်မတော် (KA) နှင့် KNDFတိုမှ ဝင်ရောက်တိုက်ခိုက်ခဲ့သဖြင့် စစ်ကောင်စီတပ်ဘက်မှ (၂) ဦး သေကြောင်း သိရသည်။

ကရင်နီတပ်မတော် (KA)၊ KNDF ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲများမှ ရဲဘော် (၆)ဦး ကျဆုံးခဲ့ရကြောင်း သိရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်များသည် တိုက်ပွဲဖြစ်ပွားနေသာ လွိုင်ကော်မြိုနယ်၊ ပီကင်းကောခူကျေးရွာ၊ ဒီးမော့ဆိုမြိုနယ်၊ ခေါက်ပလော့နှင့် ဦးခူးရီကျေးရွာတိုအတွင်းရှိ စာသင်ကျောင်းနှင့် ဘုရားကျောင်းများတွင် တပ်စွဲထားပြီး လက်နက်ကြီးများထိုင်ကာ အနီးအနားရှိကျေးရွာများသို ရမ်းသမ်းပစ်ခတ်နေကြောင်း သိရသည်။