ကျောက်မဲမှ ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာ ပြန်လာသည့်နေ့တွင် တာချီလိတ်ရှိ တံတား(၁)မှ လူပေါင်း (၈၆၅)ဦး ဝင်ရောက်ခဲ့

ကျောက်မဲမှ ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာ ပြန်လာသည့်နေ့တွင် တာချီလိတ်ရှိ တံတား(၁)မှ လူပေါင်း (၈၆၅)ဦး ဝင်ရောက်ခဲ့
မတ် 30, 2020
By Tachileik News Agency
ကျောက်မဲမှ ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာ ပြန်လာသည့်နေ့တွင် တာချီလိတ်ရှိ တံတား(၁)မှ လူပေါင်း (၈၆၅)ဦး ဝင်ရောက်ခဲ့

မြန်မာနိုင်ငံ၏ (၁၄) ယောက်မြောက် အတည်ပြုလူနာသည် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့မှတစ်ဆင့် ဝင်ရောက်လာသည့်  တာချီလိတ်မြို့ရှိ မြန်မာ - ထိုင်းချစ်ကြည်ရေးတံတားတွင်  ၎င်းဝင်ရောက်လာသည့် ၂၀၂၀ ခုနှစ်၊ မတ်လ (၂၅) ရက်နေ့က နေရပ်ပြန်လူဦးရေ စုစုပေါင်း (၈၆၅)ဦး ပြန်ဝင်လာခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၏ (၁၄)ယောက်မြောက် အတည်ပြုလူနာသည် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့မှတဆင့် တာချီလိတ်သို့ မြန်မာ - ထိုင်းချစ်ကြည်ရေးအမှတ်(၁)တံတားပေါ်မှ ၂၀၂၀ခုနှစ် မတ်လ(၂၅)ရက်နေ့က ပြန်ဝင်လာရာတွင် မတ်လ(၂၅)ရက်နေ့က နေရပ်ပြန်မြန်မာနိုင်ငံသား စုစုပေါင်း (၈၆၅)ဦးထဲမှ တစ်ဦးအပါအဝင်ဖြစ်ကြောင်း သိရသည်။ 

“အဲဒီနေ့က ဝင်လာတဲ့လမ်းကြောင်းတစ်လျှောက်နဲ့ ထိတွေ့ခဲ့သူတွေကို ကျန်းမာရေးဦးစီးဌာနက Trace လိုက်နေပါတယ်။ မနက်မှာ လိုအပ်တာတွေ လုပ်ကြမှာပါ”ဟု ပြည်နယ်အဆင့် အဆုတ်ရောင်ရောဂါ 2019 Novel Coronavirus (2019 – n Cov) စောင့်ကြည့် စစ်ဆေးကုသရေး ကြီးကြပ်မှုကော်မတီ ဥက္ကဌဖြစ်သူ ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ မတ်လ(၃၀)ရက်နေ့ ည(၉)နာရီအချိန်က ပြောသည်။

အဆိုပါ အတည်ပြုလူနာအမျိုးသားမှာ မတ်လ (၂၅) ရက်နေ့က ဘန်ကောက်မှ တာချီလိတ်သို့ မြန်မာ - ထိုင်းချစ်ကြည်ရေးအမှတ် တံတား (၁)မှ ဝင်ရောက်လာခဲ့သူဖြစ်ပြီး တာချီလိတ်မြို့တွင် မတ်လ (၂၇) ရက်နေ့အထိ တည်းခိုနေထိုင်ပြီး လေကြောင်းခရီးဖြင့် မန္တလေးသို့ ထွက်ခွာသွားခဲ့သူဖြစ်ကြောင်း သိရသည်။

ယင်းနေ့ ညနေမှာပင် ကိုယ်ပိုင်မော်တော်ယာဉ်ဖြင့် မန္တလေးမြို့မှ ကျောက်မဲမြို့သို့ ရောက်ရှိပြီး မတ်လ (၂၈)ရက်နေ့တွင် အလွန်အမင်း အန်ခြင်း၊ ချောင်းဆိုးခြင်း လက္ခဏာများ ခံစားခဲ့ရသဖြင့် ကျောက်မဲဆေးရုံသို့ ပို့ဆောင်ထားပြီး ဓါတ်ခွဲစစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် အဆိုပါ အတည်ပြုလူနာ သွားလာခဲ့သည့် လမ်းကြောင်းများနှင့် ထိတွေ့ခဲ့သူများကို ကျန်းမာရေးဦးစီးဌာနနှင့် တာဝန်ရှိသူများက စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေပြီဖြစ်သည်။

Tachileik News Agency
သတင်း - ချယ်ရီထိုက်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~