ကယားပြည်နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဖောက်ဖျက်သူများအား စက်တင်ဘာလမှစ၍ အရေးယူတော့မည်

ကယားပြည်နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဖောက်ဖျက်သူများအား စက်တင်ဘာလမှစ၍ အရေးယူတော့မည်
သွဂုတျ 26, 2018
By Tachileik News Agency



ပြည်နယ်အတွင်းရှိ မြို့နယ်အားလုံးတွင် ၂၀၁၈ ခုနှစ်၊ ဇွန်လ (၁၄)ရက်နေ့မှ (၁၆)ရက်နေ့ထိ မော်တော်ဆိုင်ကယ်များ လိုင်စင်ပြုလုပ်ရန် ပညာပေးကာလအဖြစ်ဆောင်ရွက်ခဲ့ပြီး  ဇွန် (၁၇) ရက်နေ့မှစ၍ ဒဏ်ကြေးဖြင့် သက်ဆိုင်ရာ မြို့နယ်ပြည်သူ့ဝန်ဆောင်မှုရုံးများတွင် လိုင်စင်ထုတ်ပေးခြင်းကို သြဂုတ်လ (၃၁)ရက်နေ့ထိ လုပ်ဆောင်ပေးနေခြင်းဖြစ်သည်။


သတင်း - ဆန်းဖြိုးထွန်း


~~~~~~~~⊰❂ unicode ~~~~~~~~

ကယားပြည်နယ်တွင် လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များအား ဒဏ်ကြေးဖြင့် လိုင်စင်ထုတ်ပေးခြင်းကို၂၀၁၈ ခုနှစ်၊ သြဂုတ်လ(၃၁)ရက်နေ့ နောက်ဆုံးထား လုပ်ဆောင်ပေးမည်ဖြစ်ပြီး စက်တင်ဘာလ (၁) ရက်နေ့မှစ၍ အရေးယူတော့မည်ဖြစ်ကြောင်း သိရသည်။

စက်တင်ဘာလ (၁)ရက်နေ့မှစ၍ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဖောက်ဖျက်သူများအား မော်တော်ယာဉ် ဥပဒေအရ အရေးယူသွားတော့မည် ဖြစ်ကြောင်း ပြည်နယ် ယာဉ်စည်းကမ်း၊လမ်းစည်းကမ်း ထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီက ကြော်ငြာထားသည်။

ပြည်နယ်အတွင်းရှိ မြို့နယ်အားလုံးတွင် ၂၀၁၈ ခုနှစ်၊ ဇွန်လ (၁၄)ရက်နေ့မှ (၁၆)ရက်နေ့ထိ မော်တော်ဆိုင်ကယ်များ လိုင်စင်ပြုလုပ်ရန် ပညာပေးကာလအဖြစ်ဆောင်ရွက်ခဲ့ပြီး ဇွန် (၁၇) ရက်နေ့မှစ၍ ဒဏ်ကြေးဖြင့် သက်ဆိုင်ရာ မြို့နယ်ပြည်သူ့ဝန်ဆောင်မှုရုံးများတွင် လိုင်စင်ထုတ်ပေးခြင်းကို သြဂုတ်လ (၃၁)ရက်နေ့ထိ လုပ်ဆောင်ပေးနခြေင်းဖြစ်သည်။

ကယားပြည်နယ်တွင် မော်တော်ဆိုင်ကယ် လိုင်စင်ထုတ်ပေးခြင်းကို ၂၀၁၈ ခုနှစ်၊ မေလ (၈)ရက်နေ့မှ စတင် ဆောင်ရွက်ပေးခဲ့ရာ သြဂုတ်လ (၂၃) ရက်နေ့အထိ အစီးရေ (၁၀၄၈) လိုင်စင် ဆောင်ရွက်ထားကြောင်း သိရသည်။

သတင်း - ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~