သီပေါမြို့တွင် စားသောက်ကုန် တစ်ထုပ်လျှင် ကျပ်(၂၀၀)ဖြင့် မျှဝေရောင်းချပေးမည်

သီပေါမြို့တွင် စားသောက်ကုန် တစ်ထုပ်လျှင် ကျပ်(၂၀၀)ဖြင့် မျှဝေရောင်းချပေးမည်
သြဂုတ် 31, 2021 | ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့တွင် Covid-19 ကာလအတွင်း ပြည်သူမှပြည်သူသို့ အဆင်ပြေရေး အနေဖြင့် လူဦး(၅၂၀)စာအတွက် ဆန်၊ ကြက်ဥ၊ ငါးသေတ္တာ အစရှိသည့် စားသောက်ကုန်များကို တစ်ထုပ်လျှင် (၂၀၀)ကျပ်နှုန်းဖြင့်   ၂၀၂၁ခုနှစ် စက်တင်ဘာလ(၁)ရက်နေ့ ညနေ(၄)နာရီတွင် မျှဝေ လှူဒါန်းရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကျပ်(၂၀၀)ဖြင့် ရောင်းချပေးမည့် အမျိုးအစားနှင့် အရေအတွက်များမှာ ဆန်(၁)ပြည်အထုပ် (၁၂၀)ထုပ်၊ ငါးသေတ္တာဗူးကြီး ဗူး(၁၀၀)၊ ကြက်ဥ(၅)လုံးအထုပ်  (၁၀၀)၊ လက်ဖက်နဲ့အကြော်ဇံအထုပ် (၁၀၀) နှင့် ကြာဇံနဲ့ခရမ်းချဥ်သီးအထုပ် (၁၀၀)စုစု ပေါင်း အထုပ်ပေါင်း (၅၂၀) စီစဉ်ပေးထားပြီး တစ်ဦးလျှင် (၁)ထုပ်နှုန်းဖြင့်သာ ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။ 

သီပေါမြို့၊ အနောက်ရပ်ကွက်၊ အောင်သပြေလမ်းထောင့်ရှိ  MR.PERFECT Fashion Shop တွင် ပြည်သူမှပြည်သူသို့ အစီအစဉ်အနေဖြင့် ၂၀၂၁ခုနှစ် စက်တင်ဘာလ(၁)ရက်နေ့ ညနေ(၄)နာရီတွင်   မျှဝေလှူဒါန်းရောင်းချပေးမှုကို ပြုလုပ်သွားမည်ဖြစ်ပြီး လာရောက်ဝယ်ယူသူများအနေဖြင့် အပြင်ထွက်ခွင့်ကတ် ယူဆောင်လာရန်နှင့် Covid-19 စည်းကမ်းနှင့်အညီ လာရောက် ဝယ်ယူနိုင်ကြောင်း အလှူရှင်များက အသိပေးထားရှိသည်။ 

သီပေါမြို့၊ အနောက်ရပ်ကွက်၊ အောင်သပြေလမ်းထောင့်ရှိ  MR.PERFECT Fashion Shop က အလှူရှင်များဖြင့် ပူးပေါင်းပြီး ယခုလို လုပ်ဆောင်ခြင်းမှာ ဒုတိယအကြိမ်ဖြစ်ပြီး ပထမအကြိမ်အဖြစ် ၂၀၂၁ခုနှစ် ဩဂုတ်လ(၁)ရက်နေ့ လုပ်ဆောင်ခဲ့ပြီးကြောင်း သိရသည်။