တာချီလိတ်မြို့ မယ်ယန်းကျေးလက်ဈေးမှ အထည်ရောင်းသည့် ဈေးသည်တစ်ဦး Covid-19 ကူးစက်ခံရ

Photo: တာချီလိတ် စည်ပင်
Photo: တာချီလိတ် စည်ပင်
တာချီလိတ်မြို့ မယ်ယန်းကျေးလက်ဈေးမှ အထည်ရောင်းသည့် ဈေးသည်တစ်ဦး Covid-19 ကူးစက်ခံရ
ဇူလိုင် 8, 2021 | Covid-19| ရှမ်းရှေ့

တာချီလိတ်မြို့ ဖန်မင်ကျေးရွာအုပ်စုအတွင်းရှိ မယ်ယန်းကျေးလက်ဈေးမှ အထည်ဆိုင်ဖွင့်လှစ်ရောင်းချသူ ဈေးသည်တစ်ဦးတွင် ယနေ့ ဇူလိုင်လ(၈)ရက်နေ့၏ စစ်ဆေးချက်အရ Covid-19 ပိုးတွေ့ရကြောင်း  သိရသည်။

Covid-19 ပိုးတွေ့ရသည့်  မယ်ယန်းကျေးလက်ဈေးကို ကြက်ခြေနီနှင့်စည်ပင်တို့ ပူးပေါင်းပြီး ဆေးဖျန်းခြင်း အသွားအလာကန့်သတ်ခြင်းများ ပြုလုပ်ထားပြီး ဈေးကို ဇူလိုင်လ(၇)ရက်နေ့ကတည်းက စတင်ကာ ဇူလိုင်လ(၂၀)ရက်နေ့အထိ ပိတ်ထားကြောင်း သိရသည်။

မယ်ယန်းကျေးလက်ဈေးအတွင်း နေ့စဉ် စားသောက်ကုန်များဖြစ်သည့် ဟင်းသီးဟင်းရွက်များနှင့် အသားငါးများကိုတော့ ရွာမြေ ကွက်လပ်လွတ်တွင် နံနက်ပိုင်းကစ၍ နံနက်(၁၁)နာရီအထိ ပြောင်းရွေ့ရောင်းချရန် သတ်မှတ်ပေးထားကြောင်း သိရသည်။

Covid-19 တတိယလှိုင်းကြောင့် ကူးစက်မှု မြန်ဆန်နေသည့် တာချီလိတ်မြို့တွင် စည်ပင်သာယာရေးဌာနက မြို့ပေါ်နှင့်ကျေးရွာများရှိ ဈေးများအားလုံးကို ဇူလိုင်လ(၂၀)ရက်နေ့အထိ ယာယီ ပိတ်ခိုင်းထားပြီး လက်ဖက်ရည်ဆိုင်နှင့်စားသောက်ဆိုင်များ အားလုံးသည်လည်း ပါဆယ်စနစ်ဖြင့်သာ ရောင်းချရန် ညွှန်ကြားထားကြောင်း သိရသည်။