မိုင္းဆတ္ခရိုင္ မယ္ၾကဳတ္(၁)ေက်းရြာတြင္းရွိ ေနအိမ္၏ ေျမေအာက္ခန္းအတြင္းက စိတ္ၾကြေဆးျပား (၂၈)သိန္းေက်ာ္ ႏွင့္ လက္နက္မ်ဳိးခဲယမ္းမ်ား ရွာေဖြသိမ္းဆည္းရမိ

မိုင္းဆတ္ခရိုင္ မယ္ၾကဳတ္(၁)ေက်းရြာတြင္းရွိ ေနအိမ္၏ ေျမေအာက္ခန္းအတြင္းက စိတ္ၾကြေဆးျပား (၂၈)သိန္းေက်ာ္ ႏွင့္ လက္နက္မ်ဳိးခဲယမ္းမ်ား ရွာေဖြသိမ္းဆည္းရမိ
ဇွန် 18, 2019
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ မိုင္းဆတ္ခရိုင္အတြင္း မယ္ၾကဳတ္(၁)ေက်းရြာတြင္းရွိ ေနအိမ္၏ ေျမေအာက္ခန္းအတြင္းမွ စိတ္ၾကြရူးသြပ္ေဆးျပား (၂၈)သိန္းေက်ာ္ ႏွင့္ ဘိန္းျဖဴမ်ား အပါအ၀င္ လက္နက္ခဲယမ္းမ်ားကို တပ္မေတာ္စစ္ေၾကာင္း ပါ၀င္သည့္ ပူးေပါင္းအဖြဲ႔က သိမ္းဆည္းရမိ၍ မူးယစ္တပ္ဖြဲ႔စု(၂၉)မိုင္းဆတ္ထံ အပ္ႏွံေပးထားၿပီးေနာက္ တရားခံအား ဖမ္းဆီးရမိေရးအတြက္ မိုင္းတြမ္းနယ္ေျမရဲစခန္းတြင္ အမႈဖြင့္ထားေၾကာင္း သိရသည္။

တပ္မေတာ္စစ္ေၾကာင္းႏွင့္ ျမန္မာႏုိင္ငံရဲတပ္ဖြဲ႔တို႔ ပါ၀င္သည့္ အဖြဲ႔က မိုင္းဆတ္ခရိုင္၊ မိုင္းဆတ္ၿမို႕နယ္  စတုံးေက်းရြာအုပ္စု၊ မယ္ၾကဳတ္(၁)ရြာ(အာခါရြာသစ္)ရွိ ဦးအဲ့က်ဳိး၏ ေနအိမ္အား ၂၀၁၉ခုႏွစ္ ဇြန္လ(၁၇)ရက္ေန႔ ေန႔လည္ပိုင္းက ၀င္ေရာက္ စစ္ေဆးရွာေဖြရာက ေနအိမ္တြင္ တစ္ဦးတစ္ေယာက္မွ် မေတြ႔ရွိရဘဲ ဆက္လက္စစ္ေဆးရွာေဖြရာက ေနအိမ္၏ ေျမေအာက္ခန္း အတြင္း၌ ဆာလာအိတ္ (၂၈)အိတ္ျဖင့္ ထည့္ထားသည့္ စိတ္ၾကြရူးသြပ္ေဆးျပား စုစုေပါင္း (၂၈,၅၀,၀၀၀)ျပား၊ စကၠဴဂ်ပ္ဖာ (၄၈)ခုျဖင့္ ထည့္ထားၿပီး အေလးခ်ိန္ စုစုေပါင္း (၁၄.၄)ကီလိုဂရမ္၀န္းက်င္ရွိသည့္ ဘိန္းျဖဴမ်ား အျပင္ လက္နက္မ်ဳိးစံု (၁၅)လက္ ႏွင့္ က်ည္အေတာင့္(၃၀၀) အပါအ၀င္ က်ည္အိမ္(၁)ခုတို႔ကို ရွာေဖြသိမ္းဆည္းရမိေၾကာင္း သိရသည္။

အဆိုပါ မူးယစ္ေဆးဝါးအမႈမွ တရားခံ အဲ့က်ဳိးဆိုသူအား မိုင္းတြမ္းနယ္ေျမရဲစခန္းတြင္ မယ(ပ)၁၁/၂၀၁၉၊ မူးစိတ္ ဥပေဒပုဒ္မ၊ ၁၉(က)/၂၂(ခ)ျဖင့္ အမႈဖြင့္ထားၿပီး ၎အားဖမ္းဆီးရမိေရးအတြက္ ပူးေပါင္းအဖဲြ႕ျဖင့္ စုံစမ္းေဆာင္ရြက္ လ်က္ရွိေၾကာင္း သိရသည္။

ရွမ္းျပည္နယ္အေရွ႕ပိုင္း တာခ်ီလိတ္ခရိုင္ ႏွင့္ မိုင္းဆတ္ခရိုင္အၾကား တပ္မေတာ္က စစ္ေၾကာင္းမ်ားခြဲ၍ နယ္ေျမရွင္းလင္းမႈမ်ား ျပဳလုပ္ရာက မူးယစ္ေဆး၀ါးအေျမာက္အမ်ား ႏွင့္ လက္နက္ခဲယမ္းမ်ားအပါအ၀င္ မူးယစ္ေဆး၀ါး ထုတ္လုပ္သည့္ ဆက္စပ္ပစၥည္းမ်ားကိုလည္း ၂၀၁၉ခုႏွစ္ ဇြန္လ(၁၄)ရက္ေန႔ကစ၍ ဇြန္လ(၁၇)ရက္ေန႔အထိ ပိုင္ရွင္မဲ့ပစၥည္းမ်ားအျဖစ္ ရွာေဖြေတြ႔ရွိ သိမ္းဆည္းရမိ၍ ျမန္မာႏိုင္ငံမူးယစ္ေဆး၀ါးတားဆီးႏွိမ္ႏွင္းေရးရဲတပ္ဖြဲ႔ထံ အပ္ႏွံေပးထားေၾကာင္း သိရွိရသည္။

Tachileik News Agency
သတင္း - သန္းေဇာ္ဦး


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်ခရိုင်အတွင်း မယ်ကြုတ်(၁)ကျေးရွာတွင်းရှိ နေအိမ်၏ မြေအောက်ခန်းအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား (၂၈)သိန်းကျော် နှင့် ဘိန်းဖြူများ အပါအဝင် လက်နက်ခဲယမ်းများကို တပ်မတော်စစ်ကြောင်း ပါဝင်သည့် ပူးပေါင်းအဖွဲ့က သိမ်းဆည်းရမိ၍ မူးယစ်တပ်ဖွဲ့စု(၂၉)မိုင်းဆတ်ထံ အပ်နှံပေးထားပြီးနောက် တရားခံအား ဖမ်းဆီးရမိရေးအတွက် မိုင်းတွမ်းနယ်မြေရဲစခန်းတွင် အမှုဖွင့်ထားကြောင်း သိရသည်။

တပ်မတော်စစ်ကြောင်းနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ ပါဝင်သည့် အဖွဲ့က မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့နယ် စတုံးကျေးရွာအုပ်စု၊ မယ်ကြုတ်(၁)ရွာ(အာခါရွာသစ်)ရှိ ဦးအဲ့ကျိုး၏ နေအိမ်အား ၂၀၁၉ခုနှစ် ဇွန်လ(၁၇)ရက်နေ့ နေ့လည်ပိုင်းက ဝင်ရောက် စစ်ဆေးရှာဖွေရာက နေအိမ်တွင် တစ်ဦးတစ်ယောက်မျှ မတွေ့ရှိရဘဲ ဆက်လက်စစ်ဆေးရှာဖွေရာက နေအိမ်၏ မြေအောက်ခန်း အတွင်း၌ ဆာလာအိတ် (၂၈)အိတ်ဖြင့် ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား စုစုပေါင်း (၂၈,၅၀,ဝဝဝ)ပြား၊ စက္ကူဂျပ်ဖာ (၄၈)ခုဖြင့် ထည့်ထားပြီး အလေးချိန် စုစုပေါင်း (၁၄.၄)ကီလိုဂရမ်ဝန်းကျင်ရှိသည့် ဘိန်းဖြူများ အပြင် လက်နက်မျိုးစုံ (၁၅)လက် နှင့် ကျည်အတောင့်(၃၀၀) အပါအဝင် ကျည်အိမ်(၁)ခုတို့ကို ရှာဖွေသိမ်းဆည်းရမိကြောင်း သိရသည်။

အဆိုပါ မူးယစ်ဆေးဝါးအမှုမှ တရားခံ အဲ့ကျိုးဆိုသူအား မိုင်းတွမ်းနယ်မြေရဲစခန်းတွင် မယ(ပ)၁၁/၂၀၁၉၊ မူးစိတ် ဥပဒေပုဒ်မ၊ ၁၉(က)/၂၂(ခ)ဖြင့် အမှုဖွင့်ထားပြီး၎င်းအားဖမ်းဆီးရမိရေးအတွက် ပူးပေါင်းအဖွဲ့ဖြင့် စုံစမ်းဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် နှင့် မိုင်းဆတ်ခရိုင်အကြား တပ်မတော်က စစ်ကြောင်းများခွဲ၍ နယ်မြေရှင်းလင်းမှုများ ပြုလုပ်ရာက မူးယစ်ဆေးဝါးအမြောက်အများ နှင့် လက်နက်ခဲယမ်းများအပါအဝင် မူးယစ်ဆေးဝါး ထုတ်လုပ်သည့် ဆက်စပ်ပစ္စည်းများကိုလည်း ၂၀၁၉ခုနှစ် ဇွန်လ(၁၄)ရက်နေ့ကစ၍ ဇွန်လ(၁၇)ရက်နေ့အထိ ပိုင်ရှင်မဲ့ပစ္စည်းများအဖြစ် ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိ၍ မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့ထံ အပ်နှံပေးထားကြောင်း သိရှိရသည်။

Tachileik News Agency
သတင်း - သန်းဇော်ဦး

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net