လာအို ရွှေတြိဂံအထူးစီးပွားရေးဇုန်မှ တရုတ်နိုင်ငံသား(၄)ဦး တာချီလိတ်မှတစ်ဆင့် ထိုင်းဘက်သို့ ခိုးဝင်လာစဉ်  ဖမ်းမိ

လာအို ရွှေတြိဂံအထူးစီးပွားရေးဇုန်မှ တရုတ်နိုင်ငံသား(၄)ဦး တာချီလိတ်မှတစ်ဆင့် ထိုင်းဘက်သို့ ခိုးဝင်လာစဉ်  ဖမ်းမိ

မြန်မာ - လာအို - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့ဘက်မှ ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်သို့ တရားမဝင် ကူးလာသည့် တရုတ်နိုင်ငံသား (၄)ဦးကို ထိုင်းရဲလဝကများက ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၂၃)ရက်နေ့ နံနက်ပိုင်းတွင် ဖမ်းမိကြောင်း သိရသည်။

တာချီလိတ်မြို့နှင့် အနီးဆုံးဖြစ်သည့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ ကော့ဆိုင်းရပ်ကွက်တွင် နံနက် (၆)နာရီခွဲဝန်းကျင်က ဖမ်းမိခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ တရုတ်နိုင်ငံသား (၄)ဦးကို ကူညီခေါ်ဆောင်ပေးသည့် ထိုင်းနိုင်ငံသားတစ်ဦးကိုပါ ဖမ်းဆီးထားကြောင်း နှင့် ၎င်းတို့သည် မယ်ဆိုင်ချောင်းကနေ တရားမဝင် ခိုးကူးလာသူများဖြစ်ကြောင်း သိရသည်။

ထိုင်းဘက်တွင် ဖမ်းမိသည့် တရုတ်နိုင်ငံသား (၄)ဦးသည် ရွှေတြိဂံဒေသ လာအိုင်နိုင်ငံဘက်ရှိ တရုတ်၏  ရွှေတြိဂံအထူးစီးပွားရေးဇုန်ဘက်ကနေ၍ တာချီလိတ်သို့ မဲခေါင်မြစ်ကို စက်လှေဖြင့် ခိုးကူးလာကြသူများဖြစ်သည်ကို စစ်ဆေးတွေ့ရှိရကြောင်း ထိုင်းရဲတပ်ဖွဲ့က ဆိုသည်။

 လာအိုနိုင်ငံ ဘိုကျောက်ပြည်နယ်၊ တုန်ဖန်းခရိုင်ရှိ တရုတ်အထူးစီးပွားရေးဇုန်ဘက်မှနေ၍ တရုတ်နိုင်ငံသားများသည် တာချီလိတ်ဘက်သို့ မဲခေါင်မြစ်ကို စက်လှေများဖြင့် ဖြတ်ကျော်ပြီး အထောက်အထားမဲ့ ပုံမှန် ဝင်ထွက်သွားလာနေကြခြင်းဖြစ်ရာ ၎င်းတို့ ခိုးဝင်လာသည့် နေရာအနီးတွင် ဝမ်ပုံရေကြောင်းရဲတပ်ဖွဲ့ နှင့် လဝက အပါအဝင် သက်ဆိုင်ရာဌာနများရှိနေကြသည်။

#TachileikNewsAgency

Photo: Maesaipress