ကျောက်မဲရှိ ဗလီတစ်ခုတွင် ကိုရမ်ကျမ်းစာအုပ်ထားရှိမှုနှင့်ပတ်သက်၍ အငြင်းပွားပြီး ဗလီဆရာ ဓားထိုးခံရ

ကျောက်မဲရှိ ဗလီတစ်ခုတွင် ကိုရမ်ကျမ်းစာအုပ်ထားရှိမှုနှင့်ပတ်သက်၍ အငြင်းပွားပြီး ဗလီဆရာ ဓားထိုးခံရ
ဇူလိုင် 24, 2020
By Tachileik News Agency

ကျောက်မဲရှိ ဗလီတစ်ခုတွင် ကိုရမ်ကျမ်းစာအုပ်ထားရှိမှုနှင့်ပတ်သက်၍ အငြင်းပွားပြီး ဗလီဆရာ ဓားထိုးခံရ

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့ရှိ ဗလီတစ်ခုတွင် ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ (၂၄) ရက်နေ့ နံနက်ပိုင်းက ဗလီဆရာတစ်ဦးကို ဝတ်ပြုလာသူတစ်ဦးက ဓားဖြင့်ထိုးသည့် ဓားထိုးမှုဖြစ်ပွား၍ ကျောက်မဲမြို့မရဲစခန်းတွင် အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။

ကျောက်မဲမြို့၊ အမှတ် (၃) ရပ်ကွက်၊ နယ်မြေ (၃) ရှိ ဂျာမေဗလီ၌  ဇူလိုင်လ (၂၄) ရက်နေ့ နံနက် (၆ ) နာရီဝန်းကျင်က ဗလီဆရာအဖြစ် တာဝန်ထမ်းဆောင်နေသူ  ဦးဇော်မင်း (ခ) တွာဟေးသည် လည်ပင်း၌ ဒဏ်ရာဖြင့်လဲနေသည်ကို ၎င်း၏ ဖခင်ဖြစ်သူကတွေ့ရပြီး ဗလီအတွင်း ဝတ်ပြုရန်ရောက်နေသည့် မြင့်သန်းဦး(ခ)မိုဟာမက်အီဆာ၏ လက်တွင်လည်း ဓားတစ်ချောင်း ကိုင်ထားသည်ကိုတွေ့ရ၍ သက်ဆိုင်ရာသို့ အကြောင်းကြားခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

ဗလီဆရာဇော်မင်း နှင့် ဝတ်ပြုရန် ရောက်ရှိနေသည့် မြင့်သန်းဦးတို့သည် ကိုရမ်ကျမ်းစာအုပ်ထားရှိဝတ်ပြုမှုအပေါ် အကြိမ်ကြိမ် အငြင်းပွားခဲ့ပြီးနောက် မြင့်သန်းဦးက  ဓားဖြင့် ထိုးခဲ့ခြင်းဖြစ်ကြောင်း ဗလီဝန်ထမ်းတစ်ဦးက ထွက်ဆိုသဖြင့် မြင့်သန်းဦးအား ရဲတပ်ဖွဲ့က ထိန်းသိမ်းထားကြောင်း သိရသည်။

ဓားထိုးခံရသည့် ဗလီဆရာမှာ ဆေးကုသမှုခံယူနေရပြီး ဓားဖြင့်ထိုးခဲ့သူ မြင့်သန်းဦး( ခ ) မိုဟာမက် အီဆာ အား ကျောက်မဲမြို့မရဲစခန်းတွင် (ပ ) ၇၁/ ၂၀၂၀၊ ပုဒ်မ-၃၂၆ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

Tachileik News Agency
သတင်း - နေဖြိုးမြင့်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~