တာချီလိတ် နှင့် မယ်ဆိုင်အကြား ချစ်ကြည်ရေး တံတား(၁)တွင် ကားနှင့်ဆိုင်ကယ်များဖြင့် ဝင်ရောက်လာသူများကိုပါ COVID-19 ရောဂါ ကာကွယ်ရေးအတွက် စစ်ဆေး

တာချီလိတ် နှင့် မယ်ဆိုင်အကြား ချစ်ကြည်ရေး တံတား(၁)တွင် ကားနှင့်ဆိုင်ကယ်များဖြင့် ဝင်ရောက်လာသူများကိုပါ COVID-19 ရောဂါ ကာကွယ်ရေးအတွက် စစ်ဆေး
မတ် 21, 2020
By Tachileik News Agency

တာချီလိတ် နှင့် မယ်ဆိုင်အကြား ချစ်ကြည်ရေး တံတား(၁)တွင် ကားနှင့်ဆိုင်ကယ်များဖြင့် ဝင်ရောက်လာသူများကိုပါ COVID-19 ရောဂါ ကာကွယ်ရေးအတွက် စစ်ဆေး

COVID-19 ရောဂါ ကြိုတင်တားဆီး ကာကွယ်ရေးအတွက် တာချီလိတ် နှင့် မယ်ဆိုင်အကြားရှိ မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၁)တံတားပေါ်တွင် လမ်းလျှောက်လာသူများနှင့် ကား/ဆိုင်ကယ်များဖြင့် ဝင်ရောက် လာသူများကိုပါ ကျန်းမာရေး၊ ကြက်ခြေနီ နှင့် သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့တို့မှ ၂၀၂၀ခုနှစ် မတ်လ(၂၁)ရက်နေ့တွင် စစ်ဆေးနေသည်ကို တွေ့ရသည်။

ပြီးခဲ့သည့် ရက်ပိုင်းက စာမေးပွဲကာလအတွင်း ဖြစ်၍ စာသင်ကျောင်းများတွင် အင်အားဖြည့်တင်းနေရသည့် အတွက် တံတားပေါ်တွင် ကား/ဆိုင်ကယ်များဖြင့် ဝင်ရောက်လာသူများကို စစ်ဆေးခြင်းအား ရပ်နားခဲ့ရပြီး မတ်လ(၂၁)ရက်နေ့တွင် ပြန်လည်၍ စစ်ဆေးမှုများ လုပ်ဆောင်ကာ ဆက်လက်၍လည်း အုပ်စုလိုက် အချိန်များခွဲ၍ အင်အားတို့မြှင့်ကာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောကြားထားရှိသည်။

 ကိုရိုနာဗိုင်းရပ်စ်(COVID-19 ရောဂါ ကြိုတင်တားဆီး ကာကွယ်ရေးအတွက် တာချီလိတ်ခရိုင်အတွင်းရှိ နယ်စပ်ပေါက်များဖြစ်သည့် မြန်မာ - ထိုင်းချစ်ကြည်ရေး အမှတ်(၁)(၂) တံတားများ အပါအဝင်၊ မြန်မာ - လာအိုနယ်စပ်ဖြစ်ပြီး စက်လှေများဖြင့် ဝင်ထွက်သွားလာနေသည့် ဝမ်ပုံဆိပ်ကမ်းအပြင် တာချီလိတ်လေဆိပ် နှင့် မြန်မာ - တရုတ် နယ်စပ် မိုင်းယုမြို့ဘက်တွင်လည်း စစ်ဆေးမှုများကို တိုးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

မတ်လ(၁၉)ရက်နေ့က စ၍ တာချီလိတ်ရှိ မြန်မာ - ထိုင်း ချစ်ကြည်ရေးအမှတ်(၁)ပေါ်မှာ မြန်မာနိုင်ငံသားများ နှင့် ထိုင်းနိုင်ငံသားများကိုသာ ဖြတ်သန်းခွင့်ပြုထားပြီး နိုင်ငံခြားသား သွားလာမှုကို ယာယီကန့်သတ်ထားရှိသည်။

Tachileik News Agency
သတင်း/ဓါတ်ပုံ - ကျော်ဇင်ဟိန်း


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~