တာချီလိတ်မြို့တွင် ဇူလိုင်လ(၄)ရက်နေ့ နံနက်(၁၁)နာရီအထိ Covid-19 ကူးစက်ခံထားရသူ (၁၃)ဦး ထပ်တိုး

တာချီလိတ်မြို့တွင် ဇူလိုင်လ(၄)ရက်နေ့ နံနက်(၁၁)နာရီအထိ Covid-19 ကူးစက်ခံထားရသူ (၁၃)ဦး ထပ်တိုး
ဇူလိုင် 4, 2021 | Covid-19| ရှမ်းရှေ့

တာချီလိတ်မြို့တွင် ယနေ့ ဇူလိုင်လ(၄)ရက်နေ့ နံနက်(၁၁)နာရီအချိန်အထိ Covid-19 ပိုးကူးစက်ခံထားရသူ (၁၃)ဦး ထပ်တိုးတွေ့ရှိကြောင်း သိရသည်။

ပိုးတွေ့ရှိသူများမှာ တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက်၊ (၁)လမ်းတွင်းရှိ ရွှေရည်မြင့်မိုရ် မိုတယ် အမျိုးသား(၄)ဦး နှင့် အမျိုးသမီး (၃)ဦး စုစုပေါင်း (၇)ဦး ဖြစ်ကြောင်း သိရသည်။

၎င်းတို့သည် ဇွန်လ(၂၈)ရက်နေ့က ပိုးတွေ့သူနှင့် ထိတွေ့မှုရှိ၍ အသွားအလာကန့်သတ်ထားပြီး ဒုတိယအကြိမ် ထပ်မံစစ်ဆေးရာမှ ပိုးတွေ့ရှိရခြင်း ဖြစ်သည်။

ယင်းအပြင် တာချီလိတ်ဆေးရုံဟောင်းအတွင်းသို့ ယနေ့ နံနက်ပိုင်းက စ၍ နံနက်(၁၁)နာရီအထိ မိမိဆန္ဒအလျောက် လာရောက်စစ်ဆေးသူများထဲက အမျိုးသား(၂)ဦး နှင့် အမျိုးသမီး (၄)ဦး စုစုပေါင်း တွင် Covid-19 ကူးစက်ခံထားရသည်ကို စစ်ဆေးတွေ့ရှိကြောင်း သိရသည်။

လတ်တလော အသစ်ထပ်တိုးတွေ့ရှိထားသည့် အတည်ပြုလူနာများနှင့် ပတ်သက်၍ ထိတွေမှုများကို ဆက်လက်စုံစမ်းနေလျက်ရှိကြောင်း သိရသည်။

ယနေ့ ဇူလိုင်လ(၄)ရက်နေ့တွင် နေရာပေါင်း (၂)နေရာ၌ Covid-19 အတည်ပြုလူနာ စုစုပေါင်း (၁၃)ဦး တွေ့ရှိထားသည့်အတွက် စုစုပေါင်း (၅၈)ဦးအထိ ရှိနေသည်။