ကျိုင်းတုံဆေးရုံပြန်ဖွင့်ပေးရန် တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးထံ မြို့မိမြို့ဖ (၁၉) ဦး လက်မှတ်ထိုးတင်ပြ

ကျိုင်းတုံဆေးရုံပြန်ဖွင့်ပေးရန် တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးထံ မြို့မိမြို့ဖ (၁၉) ဦး လက်မှတ်ထိုးတင်ပြ
မတ် 5, 2021 | ရှမ်းရှေ့

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့မှ မြို့မိမြို့ဖများက CDM လုပ်နေသည့် ကျိုင်းတုံပြည်သူ့ဆေးရုံကို ပြန်ဖွင့်ပေးရန် တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးထံ ၂၀၂၁ ခုနှစ် မတ်လ (၅)ရက်နေ့၌ လက်မှတ်ရေးထိုးတင်ပြထားကြောင်း သိရသည်။

လက်ရှိတွင် တပ်မတော်ဆေးရုံက ကုသပေးနေသော်လည်း မလုံလောက်၍ ကျိုင်းတုံဆေးရုံကို ပြန်ဖွင့်ပေးရန်နှင့် လိုအပ်သည်များ ကူညီဆောင်ရွက်ပေးရန် ကျိုင်းတုံမြို့နယ်ဒေသခံများကိုယ်စားဟုဆိုကာ မြို့မိမြို့ဖ (၁၉) ဦးလက်မှတ်ရေးထိုးတင်ပြထားကြောင်းသိရသည်။

ယခုလို လက်မှတ်ထိုးတင်ပြသည့် စာရွက်မှာ အွန်လိုင်းပေါ်တွင် ပြန့်နှံ့နေပြီး လက်မှတ်ရေးထားကာ တောင်းဆိုသည့် မြို့မိမြို့ဖ (၁၉)ဦးကိုလည်း ဝေဖန်မှုတွေများနေသည်ကိုလည်း တွေ့ရသည်။



စစ်အာဏာသိမ်းမှုကို လက်မခံနိုင်၍ ပြည်သူ့အကျိုးရှေ့ရှုကာ CDM လုပ်ဆောင်နေသည့် ဝန်ထမ်းများတွင် ကျန်းမာရေးဝန်ထမ်းက အများဆုံးဖြစ်ပြီး ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် ကျိုင်းတုံ နှင့် တာချီလိတ်တို့မှ ကျန်းမာရေးဝန်ထမ်းအားလုံးနီးပါ CDM လုပ်ဆောင်နေကြခြင်း ဖြစ်သည်။