လာအိုနိုင်ငံဘက်မှ တာချီလိတ်သို့ ပြန်လွှဲပေးလာသည့် ပြစ်ဒဏ်စေ့ မြန်မာနိုင်ငံသားတစ်ဦးကို Hotel Quarantine ထား

လာအိုနိုင်ငံဘက်မှ တာချီလိတ်သို့ ပြန်လွှဲပေးလာသည့် ပြစ်ဒဏ်စေ့ မြန်မာနိုင်ငံသားတစ်ဦးကို Hotel Quarantine ထား
ဇူလိုင် 2, 2021 | နိုင်ငံတကာသတင်း

 ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့သို့ လာအိုနိုင်ငံဘက်မှ လွှဲပြောင်းပေးလာသည့် ပြစ်ဒဏ်စေ့ မြန်မာနိုင်ငံသားတစ်ဦးကို ၂၀၂၁ ခုနှစ် ဇူလိုင်လ (၂) ရက်နေ့တွင် လွှဲပြောင်းလက်ခံပြီး ဟိုတယ် Quarantine ထားရှိသည်ဟု သိရသည်။

အဆိုပါ ပြစ်ဒဏ်စေ့မြန်မာနိုင်ငံသား တရုတ်လူမျိုးမှာ လာအိုနိုင်ငံဘက်တွင် မူးယစ်မှုဖြင့် ထောင်ဒဏ် (၅)နှစ်ကျခံခဲ့ရသူဖြစ်ပြီး အထူးဒေသ (၂)တွင် နေထိုင်သူဖြစ်ကြောင်း သိရသည်။

ပြစ်ဒဏ်စေ့လွှဲပြောင်းလာသူအား တာချီလိတ်မြို့နယ် မိုင်းဖုန်း (က) ကျေးရွာအုပ်စုရှိ ဝမ်ပုံအပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းသို့ ပို့ဆောင်လာပြီး တာချီလိတ်ဘက်မှ တာဝန်ရှိသူများက စိစစ်လက်ခံသည်ဟု သိရသည်။

လွှဲပြောင်းလက်ခံထားသူအား COVID 19 စစ်ဆေးပြီးနောက် ဟိုတယ် Quarantine (၁၀) ရက်ထားရှိကြောင်း သိရသည်။

တာချီလိတ်မြို့နယ် တစ်ဖက်ကမ်းရှိ လာအိုနိုင်ငံအတွင်း အလုပ် လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားများမှ နေရပ်ပြန်လိုသူများစာရင်းကိုလည်း လာအိုဘက်မှ ကောက်ခံထားပြီး မြန်မာဘက်သို့ လွှဲပြောင်းပေးရန် ဆောင်ရွက်နေသည်ဟု သိရသည်။