တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့၏ မေလအပူချိန် နှစ်ပေါင်း (၁၀၀) ကျော်အတွင်း အမြင့်ဆုံး စံချိန်တင်

တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့၏ မေလအပူချိန် နှစ်ပေါင်း (၁၀၀) ကျော်အတွင်း အမြင့်ဆုံး စံချိန်တင်
By Mr John

 တရုတ်နိုင်ငံ၏ ရှန်ဟိုင်းမြို့တွင် ၂၀၂၃ ခုနှစ် မေလ (၂၉) ရက်နေ့က နှစ်ပေါင်း (၁၀၀) ကျော်အတွင်း အမြင့်ဆုံး မေလအပူချိန် စံချိန်သစ်တင်ခဲ့ပြီး အပူချိန် (၃၆.၁) ဒီဂရီဆဲလ်စီးယပ် (၉၇ ဒီဂရီဖာရင်ဟိုက်နီးပါး) သို့ ရောက်ရှိခဲ့ကြောင်း သိရသည်။ 

ယခင်  ၁၈၇၆ ခုနှစ် မေလက  ပထမဆုံးအကြိမ် အမြင့်ဆုံးအပူချိန် စံချိန်တင်ခဲ့ပြီး (၃၅.၇) ဒီဂရီဆဲလ်စီးယပ် ဖြစ်သည်။

ထိုနောက်ပိုင်းကတည်းက အဆိုပါ အပူချိန်သို့ နောက်ထပ် (၃) ကြိမ်သာ ရောက်ရှိခဲ့ဖူးပြီး ၁၉၀၃ ခုနှစ်၊ ၁၉၁၅ ခုနှစ်နှင့် ၂၀၁၈ ခုနှစ်တို့တွင် ဖြစ်သည်။ 

၂၀၂၃ ခုနှစ် မေလ (၂၉) ရက်နေ့က ရှန်ဟိုင်းမြို့၏ စံချိန်တင် အပူချိန်ကို Xuhui ခရိုင်တွင် မှတ်တမ်းတင်ခဲ့ခြင်းဖြစ်ကြောင်း တရုတ်အစိုးရသတင်းဌာနက CCTV က ရှန်ဟိုင်းမိုးလေဝသဌာနကို ကိုးကား၍ ဖော်ပြသည်။

ရှန်ဟိုင်းမြို့တွင် အပူချိန်များ (၃၅) ဒီဂရီဆဲလ်စီးယပ်ကို (၃) ရက်ဆက်တိုက် ကျော်လွန်ရောက်ရှိခဲ့ကြောင်း မိုးလေဝသဌာနက မေလ (၂၉) ရက် အစောပိုင်းတွင် ထုတ်ပြန်ခဲ့သည်။ 

တရုတ်နိုင်ငံတွင် ၂၀၂၂ ခုနှစ် ဇူလိုင်လအတွင်း အပူလှိုင်းဖြတ်ခဲ့ပြီးနောက် ယခုကဲ့သို့ အပူချိန်များ စံချိန်တင်ခဲ့ခြင်းလည်း ဖြစ်သည်။

 ၂၀၂၂ ခုနှစ် တစ်နှစ်လုံးတွင် ရှန်ဟိုင်းမြို့၏ အပူချိန် (၃၅) ဒီဂရီဆဲလ်စီးယပ်ကို ကျော်လွန်ခဲ့မှုကို ရက် (၅၀) ကြုံခဲ့ရသည်။

 

Source: CNN