မကွေးတိုင်းဒေသကြီးတွင် တစ်နေ့အတွင်း အတည်ပြုလူနာ (၇၈)ဦးထပ်တိုးရာ အချုပ်သားအတည်ပြုလူနာ(၁)ဦး ပါဝင်

မကွေးတိုင်းဒေသကြီးတွင် တစ်နေ့အတွင်း အတည်ပြုလူနာ (၇၈)ဦးထပ်တိုးရာ အချုပ်သားအတည်ပြုလူနာ(၁)ဦး ပါဝင်
ဒီဇင်ဘာ 8, 2020
By Tachileik News Agency
မကွေးတိုင်းဒေသကြီးတွင် တစ်နေ့အတွင်း အတည်ပြုလူနာ (၇၈)ဦးထပ်တိုးရာ အချုပ်သားအတည်ပြုလူနာ(၁)ဦး ပါဝင်
မကွေးတိုင်းဒေသကြီးအတွင်း ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၈) ရက်တွင် တိုင်းအတွင်း မြို့နယ် (၁၂) မြို့နယ်တွင် COVID-19 အတည်ပြုလူနာ (၇၈) ဦးထပ်တိုးရာတွင် အချုပ်သားတစ်ဦး ပါဝင်ကြောင်း သိရသည်။
“ဒီဇင်ဘာလ (၈) ရက်နေ့ မနက်ပိုင်းနဲ့ ညပိုင်းမှာ တိုင်းအတွင်း COVID-19 ပိုးတွေ့လူနာ (၇၈)ဦး ထပ်တိုး တွေ့ရှိရတာမှာ ပိုးတွေ့အတည်ပြုလူနာနဲ့ ထိတွေ့မှုရှိပြီး ကူးစက်ခံရသူက (၄၃) ဦး၊ အနံ့ပျောက်လက္ခဏာရှိသူက (၃) ဦးပါရှိပြီး ကျန်တာက ယာဉ်မောင်း၊ ယာဉ်နောက်လိုက်တွေနဲ့ Quarantine ဝင်နေသူတွေပါ။ ရေစကြိုက တစ်ယောက်ကတော့ အချုပ်သားတစ်ဦးဖြစ်ပါတယ်”ဟု မကွေးတိုင်း ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာခင်မောင်သန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
မကွေးတိုင်း ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၏ ဒီဇင်ဘာ(၈)ရက်နေ့တွင် ထုတ်ပြန်ချက်အရ RDT နှင့် NHL results တို့ အရ COVID-19 အတည်ပြုလူနာတွေ့ရှိမှုမှာ မင်းဘူး (၁၄)ဦး၊ စလင်း (၃)ဦး၊ မကွေး (၅)ဦး၊ အောင်လံ (၂၉)ဦး၊ ရေစကြို (၁)ဦး၊ သရက် (၁)ဦး၊ ဂန့်ဂေါ (၃)ဦး၊ ပေါက် (၁)ဦး၊ တောင် တွင်း (၁)ဦး၊ ဆိပ်ဖြူ (၃)ဦး၊ နတ်မောက် (၈)ဦးနှင့်  မြို့သစ် (၁)ဦး၊ စုစုပေါင်း(၇၈)ဦး တို့ ဖြစ်ကြသည်။
မကွေးတိုင်းအတွင်း COVID-19 ဒေသတွင်း ကူးစက်မှုလည်းဖြစ်ပွားနေပြီး အတည်ပြုလူနာ နေ့စဉ်တိုးလာနေသည့်အတွက်  ဒေသတွင်းကူးစက်မှုများနေသည့် တောင်တွင်းကြီးမြို့ကို stay at home (၇)ရက်သတ်မှတ်ထားပြီး မင်းဘူး/စကုမြို့နယ်တွင်လည်း စကုမြို့ အမှတ်(၃)ရပ်ကွက်နှင့် ကျောင်းရွာရပ်ရှိ လမ်းအချို့တို့ကို အသွားအလာကန့်သတ်သည့်နေရာများ အဖြစ် သတ်မှတ်ထားကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီးအတွင်း (၂၅)မြို့နယ်စလုံး၌ COVID-19 ပိုးတွေ့ရှိလျှက်ရှိပြီး ဒီဇင်ဘာ(၈)ရက် ည (၇)နာရီ (၃၀)မိနစ်အချိန်ထိ တိုင်းအတွင်း ပိုးတွေ့လူနာ ကျန်းမာရေးဝန်ထမ်း (၃၀)ဦးအပါအဝင် စုစုပေါင်း (၁၆၄၅)ဦးအထိရှိလာပြီး ယင်းတို့အထဲတွင် သေဆုံးသူ (၄)ဦး ရှိခဲ့ခြင်းဖြစ်သည်။
Tachileik News Agency
သတင်း/ဓာတ်ပုံ-ဖီးနစ်

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~