မြန်မာ့နယ်စပ် တရုတ်နိုင်ငံ ကျယ်ဂေါင်ဒေသတွင် ခွေးများကိုပါ COVID 19 စစ်ဆေးနေ

မြန်မာ့နယ်စပ် တရုတ်နိုင်ငံ ကျယ်ဂေါင်ဒေသတွင် ခွေးများကိုပါ COVID 19 စစ်ဆေးနေ

မြန်မာ့နယ်စပ် တရုတ်နိုင်ငံ ကျယ်ဂေါင်ဒေသတွင် ခွေးများကိုပါ COVID 19 စစ်ဆေးနေ

မြန်မာနိုင်ငံနှင့်နယ်စပ်ဖြစ်သည့် တရုတ်နိုင်ငံ ကျယ်ဂေါင်မြို့တွင် အိမ်မွေးခွေး၌ COVID 19 တွေ့ရှိသည်ဟု သတင်းထွက်လာပြီးနောက် ၂၀၂၁ ခုနှစ် ဇူလိုင်လ (၈) ရက်နေ့ညပိုင်းတွင် ခွေးများကိုပါ COVID 19 စစ်ဆေးနေကြောင်း သိရသည်။

"အခုတွေ့တဲ့ COVID-19 ပိုးက ခွေးတွေမှာပါ ဖြစ်နေတာဆိုပြီး ဂျယ်ခေါင် (ကျယ်ဂေါင်)မှာ ခွေးတွေပါ လိုက်ဖမ်းပြီး အာခေါင်စစ်နေပြီ။"ဟု ကျယ်ဂေါင်တွင်နေထိုင်သူတစ်ဦးက အသိပေးထားသည်။

ကျယ်ဂေါင်တွင် ဇူလိုင်လ (၄) ရက်နေ့ကစပြီး COVID 19 အတည်ပြုလူနာများတွေ့လာရသဖြင့် ယင်းနေ့မှစ၍ တစ်မြို့လုံးကို lock down သတ်မှတ်ထားသည့်အပြင် ရွှေလီမြို့တွင်လည်း ရပ်ကွက်အချို့၌ lock down ချထားခြင်းဖြစ်ကြောင်း သိရသည်။



ဒေသတွင်း အတည်ပြုလူနာများတိုးလာပြီးနောက် မြန်မာနှင့်နှစ်နိုင်ငံကုန်သွယ်ရေးဝင်ပေါက်များဖြစ်သည့် ဝမ်တိန်၊ ကျင်စန်းကျော့နယ်စပ်ဂိတ်များကို ဇူလိုင်လ (၈) ရက်နေ့တွင် တရုတ်ဘက်က ယာယီပိတ်လိုက်ကြောင်း သိရသည်။



စစ်တပ်က အာဏာသိမ်းပြီး COVID 19 ထိန်းချုပ်ကာကွယ်ကုသရေးလုပ်ငန်းများအားလုံး ထိရောက်စွာ မလုပ်နိုင်တော့သည့် မြန်မာနိုင်ငံတွင်လည်း COVID 19 တတိယလှိုင်းဖြစ်ပွားနေခြင်းဖြစ်သည်။



Photo: စိုင်းသံလွင်