တာချီလိတ်နာရေးကူညီမှုအသင်းက အိမ်ထောင်စုပေါင်း (၃၅၀)အတွက် အခြေခံစားကုန် မျှဝေ လှူဒါန်း

တာချီလိတ်နာရေးကူညီမှုအသင်းက အိမ်ထောင်စုပေါင်း (၃၅၀)အတွက် အခြေခံစားကုန် မျှဝေ လှူဒါန်း
ဇူလိုင် 19, 2021 | Covid-19| ရှမ်းရှေ့

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့မှ အိမ်ထောင်စု (၃၅၀)အတွက် အခြေခံစားကုန်များကို တာချီလိတ်နာရေးကူညီမှုအသင်းက  ၂၀၂၁ ခုနှစ် ဇူလိုင်လ (၁၉) ရက်နေ့တွင် မျှဝေလှူဒါန်းကြောင်း သိရသည်။

အိမ်ထောင်စုတစ်စုလျှင် ဆန် (၅) ကီလို၊ ဆီ (၁) လီတာ၊ ဆား (၂) ထုပ်၊ ငါးသေတ္တာ (၂) ဗူး၊ ကြက်သွန်နီ (၁) ကီလိုစီပါဝင်သည့် စားနပ်ရိက္ခာထုပ်များကို မျှဝေပေးခြင်းဖြစ်ပြီး COVID 19 ကာကွယ်ရေးအတွက် လူစုလူဝေး မဖြစ်စေရန် အတွက် စနစ်တကျ တစ်ဦးချင်း လာယူစေသည့်စနစ်ဖြင့် လှူဒါန်းမျှဝေပေးကြောင်း သိရသည်။ 

COVID 19 ကူးစက်သူ (၇၀၀)နီးပါ ရှိနေသည့် တာချီလိတ်မြို့အား Stay at Home သတ်မှတ်ထားသည့် ကာလအတွင်း ပြည်သူချင်းမျှဝေသည့် အစီအစဉ်အဖြစ် တာချီလိတ်နာရေးကူညီမှုအသင်းအပြင်း အခြားသော စားနပ်ရိက္ခာလှူဒါန်းမှုများကို လုပ်ဆောင်နေကြသည်ကိုလည်း တွေ့ရသည်။

#TachileikNewsAgency

Photo: တာချီလိတ်နာရေးကူညီမှုအသင်း