နိုင်ငံအတွင်း အောက်တိုဘာလ (၂၄) ရက်နေ့တွင် Covid-19 အတည်ပြုလူနာ (၁၄၂၃)ဦးနှင့် သေဆုံးသူ (၂၈)ဦး ထပ်တိုး

နိုင်ငံအတွင်း အောက်တိုဘာလ (၂၄) ရက်နေ့တွင် Covid-19 အတည်ပြုလူနာ (၁၄၂၃)ဦးနှင့် သေဆုံးသူ (၂၈)ဦး ထပ်တိုး
အောက်တိုဘာ 24, 2020
By 🌸


နိုင်ငံအတွင်း အောက်တိုဘာလ (၂၄) ရက်နေ့တွင် Covid-19 အတည်ပြုလူနာ (၁၄၂၃)ဦးနှင့် သေဆုံးသူ (၂၈)ဦး ထပ်တိုး
နိုင်ငံအတွင်းမှ ဓါတ်ခွဲနမူနာ (၁၄,၂၃၀)ခုကို ၂၀၂၀ ခုနှစ် အောက်တိုဘာလ(၂၃)ရက်နေ့အတွက် စစ်ဆေးရာ Covid-19 အတည်ပြုလူနာ (၁,၄၂၃)ဦး ထပ်တိုးကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
၂၀၂၀ ခုနှစ် မတ်လ(၂၃)ရက်နေ့ အောက်တိုဘာလ (၂၄)ရက်နေ့အထိ Covid-19 အတည်ပြုလူနာ စုစုပေါင်း (၄၃,၇၈၈) ဦးအထိတိုးလာပြီး သေဆုံးသူအရေအတွက်မှာလည်း (၁,၀၆၆)ဦးအထိ ရှိလာပြီဖြစ်သည်။
အတည်ပြုလူနာများအနက် သက်သာပျောက်ကင်း၍ ဆေးရုံမှ ဆင်းခွင့်ရသွားသူမှာ အောက်တိုဘာလ (၂၄) ရက်နေ့တွင် (၁,၂၅၄) ဦး ထပ်တိုးသည့်အတွက် ဆေးရုံဆင်းခွင့်ရရှိသွားသူ စုစုပေါင်း (၂၃,၇၀၈)ဦး ရှိသော်လည်း ဒေသအသီးသီးတွင် ကုသမှုခံယူနေသည့် အတည်ပြုလူနာ စုစုပေါင်း (၁၉,၀၁၄)ဦးရှိနေခြင်းဖြစ်သည်။
Tachileik News Agency

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~