တာချီလိတ်တွင် ကျင်းပမည့် တေးစီးရီးသစ် (၂)ခွေ မိတ်ဆက်ပွဲသို့ အဆိုတော် ဟန်ထွန်း အပါအဝင် အဆိုတော် (၈)ဦးမှ သီဆိုဖျော်မည်ဖြစ်၍ မည်သူမဆို လာရောက်ကာအခမဲ့ အားပေးကြည့်ရှုနိုင်

တာချီလိတ်တွင် ကျင်းပမည့် တေးစီးရီးသစ် (၂)ခွေ မိတ်ဆက်ပွဲသို့ အဆိုတော် ဟန်ထွန်း အပါအဝင် အဆိုတော် (၈)ဦးမှ သီဆိုဖျော်မည်ဖြစ်၍ မည်သူမဆို လာရောက်ကာအခမဲ့ အားပေးကြည့်ရှုနိုင်
ဒီဇင်ဘာ 21, 2019
By Tachileik News Agency
တာချီလိတ်တွင် ကျင်းပမည့် တေးစီးရီးသစ် (၂)ခွေ မိတ်ဆက်ပွဲသို့ အဆိုတော် ဟန်ထွန်း အပါအဝင် အဆိုတော် (၈)ဦးမှ သီဆိုဖျော်မည်ဖြစ်၍ မည်သူမဆို လာရောက်ကာအခမဲ့ အားပေးကြည့်ရှုနိုင်

လူသား စက်ရုပ် နှင့် စိတ်မြတ် တေးစီးရီးသစ် (၂)ခွေ မိတ်ဆက် ပရိုမိုရှင်းပွဲအား တာချီလိတ်တွင် ကျင်းပမည်ဖြစ်ရာ အဆိုတော် ဟန်ထွန်းနှင့် အိုက်ထွန်း အပါအဝင် အဆိုတော်(၈)ဦး သီဆိုဖျော်ဖြေမည်ဖြစ်၍ မည်သူမဆို လာရောက်ကာ အခမဲ့ကြည့်ရှုနိုင်မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါပွဲအား  တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက် ရှမ်းရိုးမကွင်းအနောက်ရှိ Johnny Fitness Center နှင့် လျှပ်စစ်ပစ္စည်း အရောင်းဆိုင်တွင် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၂၄)ရက်နေ့ ညနေ(၇)နာရီမှကစ၍ ကျင်းပမည်ဖြစ်သည်။

“ဒီဇင်ဘာ ၁၄ ရက်နေ့မှာ လူသားစက်ရုပ်ဆိုတဲ့အခွေသစ်လေး ဖြန့်ချိထားပါတယ်။ ၁၅ ရက်နေ့မှာလည်း အဆိုတော်ဟန်ထွန်း ဖွဲ့စည်းထားတဲ့ ရှမ်းဂီတ FC က အားလုံးစုစည်းပြီးတော့ စိတ်မြတ်ဆိုတဲ့အခွေလေး လုပ်ထားပါတယ်။ ဒီအတွက် တာချီလိတ်မှာ ဦးဦးဖျားဖျား ပရိုမိုးရှင်းပွဲလေး လုပ်ချင်တာပါ။ တာချီလိတ်က ပရိတ်သတ်တွေကို အရင်ဆုံး မိတ်ဆက်ပေးချင်တာပါ။ သူငယ်ချင်းတွေအားလုံး လာရောက်ကြဖို့ ဖိတ်ခေါ်ချင်ပါတယ်”ဟု အဆိုတော် အိုက်ထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဖျော်ဖြေပွဲသို့ အဆိုတော် ဟန်ထွန်း၊ အိုက်ထွန်း၊ နောင်လတ်၊ ထွဋ်ထွဋ်၊ လင်းလက်မျိုးထွဋ်၊ အယ်ကီး၊ အယ်မာချိုနှင့် အေစီတို့က ဖျော်ဖြေကြမည်ဟု သိရသည်။

ဖျော်ဖြေပွဲသို့ လာရောက်အားပေးသူများ ကြည့်ရှုအားပေးနိုင်ရန်အတွက် ထိုင်ခုံများလည်း စီစဉ်ပေးထားမည်ဖြစ်ပြီး လူသား စက်ရုပ် နှင့် စိတ်မြတ် တေးစီးရီးခွေ ဝယ်နိုင်ရန်အတွက်လည်း စီစဉ်ပေးထားကြောင်း သိရသည်။

Tachileik News Agency
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~