ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် COVID 19 ကင်းရှင်းကြောင်း ထောက်ခံစာအတုများ ထောင်နှင့်ချီထုတ်ပေးသည့် ပုဂ္ဂလိက ဆေးရုံပိုင်ရှင်ကို ဖမ်းဆီးရမိ

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် COVID 19 ကင်းရှင်းကြောင်း ထောက်ခံစာအတုများ ထောင်နှင့်ချီထုတ်ပေးသည့် ပုဂ္ဂလိက ဆေးရုံပိုင်ရှင်ကို ဖမ်းဆီးရမိ
ဇူလိုင် 16, 2020
By Tachileik News Agency

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် COVID 19 ကင်းရှင်းကြောင်း ထောက်ခံစာအတုများ ထောင်နှင့်ချီထုတ်ပေးသည့်  ပုဂ္ဂလိက ဆေးရုံပိုင်ရှင်ကို ဖမ်းဆီးရမိ

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့တွင် COVID 19 ကင်းရှင်းကြောင်း ဆေးထောက်ခံစာအတု ထောင်နှင့်ချီ၍ ထုတ်ပေးခဲ့သည့် ဆေးရုံနှစ်ခု၏ ပိုင်ရှင်သည် အိန္ဒိယသို့ထွက်ပြေးရန် ကြိုးစားစဉ် ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ (၁၅) ရက်နေ့က ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိလိုက်ကြောင်း သိရသည်။

ပုဂ္ဂလိကဆေးရုံတစ်ခုက COVID 19 ဓာတ်ခွဲစစ်ဆေးခြင်း မပြုဘဲ လူထောင်ပေါင်းများစွာကို အခကြေးငွေယူ၍ COVID 19 ကင်းရှင်းကြောင်း ကျန်းမာရေးထောက်ခံစာများကို ထုတ်ပေးနေရာ ဆက်စပ်သူ (၁၀)ဦးကျော်ကို လွန်ခဲ့သည့် ရက်အနည်းက ဖမ်းမိထားပြီးဖြစ်ကြောင်း သိရသည်။

အဆိုပါ ကျန်းမာရေးထောက်ခံစာအတုများကြောင့် ဗိုင်းရပ်စ်ပျံ့နှံ့မှုများနေသည့် လက်ရှိအခြေအနေကို ပိုဆိုးစေနိုင်သည်ဟု သတိပေးထားသည်။

အိန္ဒိယဘက် ထွက်ပြေးရန်ကြိုးစားနေသည့် ဆေးရုံပိုင်ရှင် အသက် (၄၂)နှစ်အရွယ် ရှာဟက်ဒ်ကို ရဲတပ်ဖွဲ့က နယ်စပ်မြစ်ကမ်းဘေးတွင် ဖမ်းမိလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ရှာဟက်ဒ်၏ဆေးရုံတွင် COVID 19 ဗိုင်းရပ်စ်စစ်ဆေးသူ (၁၀,၅၀၀) အနက် (၄,၂၀၀)ကိုသာ အမှန်တကယ် စစ်ပေးထားခြင်းဖြစ်ပြီး ကျန် (၆,၃၀၀)ကို ဓာတ်ခွဲမစစ်ဘဲ ထောက်ခံစာထုတ်ပေးထားခဲ့သည်ကို စစ်ဆေးတွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

ယင်းအပြင် ရှာဟက်ဒ်သည် ၎င်း၏ဆေးရုံ၌ COVID 19 စစ်ဆေးမှုနှင့် ကုသမှုအတွက် အခကြေးငွေရယူထားသည်ကို စစ်ဆေးတွေ့ရသဖြင့် အခမဲ့စစ်ဆေးကုသပေးရန် အစိုးရနှင့် သဘောတူညီချက်ကို ဖေါက်ဖျက်ခြင်းဖြစ်၍ ယင်းအတွက်ပါ အရေးယူခံရမည်ဖြစ်ကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ်မှ အခြားနိုင်ငံများသို့ သွားရောက် အလုပ် လုပ်ကိုင်မည့် ရွှေ့ပြောင်းလုပ်သားများအတွက် ကျန်းမာရေးထောက်ခံစာများ လိုအပ်သဖြင့် ပုဂ္ဂလိကဆေးရုံများမှ COVID 19 စစ်ဆေးခြင်းကို ခံယူရာမှ ယင်းကဲ့သို့ ထောက်ခံစာအတုများ ထွက်လာခြင်းကြောင့် ပြည်ပလုပ်သားဈေးကွက်ထိခိုက်နိုင်၍ အစိုးရအနေဖြင့် တင်းကြပ်စွာကိုင်တွယ်ဖြေရှင်းသင့်သည်ဟု အလုပ်သမားအခွင့်အရေးအဖွဲ့များက ထောက်ပြထားသည်။

Tachileik News Agency
Ref; CNA


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~