တန့်ယန်းမြို့တွင် ထွေအုပ် ဝန်ထမ်း နှင့် မာဆပ် မန်နေဂျာတို့တွင် Covid-19 ပိုးတွေ့

တန့်ယန်းမြို့တွင် ထွေအုပ် ဝန်ထမ်း နှင့် မာဆပ် မန်နေဂျာတို့တွင် Covid-19 ပိုးတွေ့

ရှမ်းပြည်နယ်(မြောက်ပိုင်း)တန့်ယန်းမြို့တွင် ယနေ့ ဇွန်လ(၂၉)ရက်နေ့၏ စစ်ဆေးချက်အရ Coivd-19 ပိုးတွေ့ရှိသူ (၄)ဦးထပ်တိုးရာ ထွေအုပ် ဝန်ထမ်း (၁)ဦး နှင့် မာဆပ်တစ်ခုမှ မန်နေဂျာ တစ်ဦး ပါဝင်ကြောင်း သိရသည်။

တန့်ယန်းမြို့တွင် ယနေ့ အသစ်ထပ်တိုးသည့် (၄)ဦးမှာ ရပ်ကွက်(၂) နှင့် ရပ်ကွက်(၄)တို့မှ  အမျိုးသား(၂)ဦး နှင့် အမျိုးသမီး (၂)ဦး ဖြစ်ရာ အဆိုပါ(၄)ဦးတွင် မြို့နယ်ထွေအုပ် ဝန်ထမ်းတစ်ဦး နှင့် မာဆပ်တစ်ခုမှ မန်နေဂျာအဖြစ် တာဝန်ယူထားသူ တစ်ဦးတို့ ပါဝင်ကြောင်း သိရသည်။

ဒီနေ့ ပိုးတွေ့ (၄)ဦးထဲက တစ်ယောက်က ထွေအုပ်ဝန်ထမ်း။ နောက်တစ်ယောက်က မာဆပ်မန်နေဂျာ။ မနေ့က တွေ့တဲ့အထဲက လဝက ဝန်ထမ်းတစ်ဦးပါတယ်။

ဟု တန့်ယန်းဒေသခံ တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောတယ်

 

ဇွန်လ(၂၈)ရက်နေ့က တွေ့ရသည့် (၃)ဦးတွင် လဝက ဝန်ထမ်းတစ်ဦးလည်း ပါဝင်ကြောင်း သိရသည်။

တန့်ယန်းမြို့တွင် ဇွန်လ(၂၉)ရက်နေ့အထိ Covid-19 အတည်ပြုလူနာ (၁၀)ဦးအထိရှိနေရာတွင် (၂)ဦးမှာ သေဆုံးသွားကြောင်း သိရသည်။