မိုင်းဆတ်မြို့တွင် Covid-19 ကူးစက်ခံရသူ (၁၀)ဦးတိုး 

မိုင်းဆတ်မြို့တွင် Covid-19 ကူးစက်ခံရသူ (၁၀)ဦးတိုး 
နိုဝင်ဘာ 23, 2021 | Covid-19| ရှမ်းရှေ့

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့နယ်အတွင်း ယနေ့ ၂၀၂၁ခုနှစ် နိုဝင်ဘာလ(၂၃)ရက်နေ့၏ စစ်ဆေးချက်အရ Covid-19 ကူးစက်ခံထားရသူ (၁၀)ဦး ထပ်တိုးကြောင်း သိရသည်။

မိုင်းဆတ်မြို့နယ်အတွင်း ဝိန်းနေရပ်ကွက်မှ (၃)ဦး၊ မယ်ဆတ်ကျေးရွာမှ (၃)ဦး၊ မိုင်းတွမ်းတောင်ပေါ်ကျေးရွာအုပ်စု၊ ဝမ်နောင်မှ (၂)ဦး၊ ဝမ်တုံမှ (၁)ဦး နှင့် မဟုန်ကန်မှ (၁)ဦး စုစုပေါင်း (၁၀)ဦး ထပ်တိုးတွေ့ရှိခြင်း ဖြစ်သည်။



မိုင်းဆတ်မြို့၏ Covid-19 တတိယလှိုင်းအတွင်း ၂၀၂၁ခုနှစ် နိုဝင်ဘာလ(၂၃)ရက်နေ့အထိ Covid-19 ကူးစက်ခံထားရသူ (၁၂၅၂)ဦးအထိ ရှိနေရာတွင် လက်ရှိ၌ စောင့်ကြည့်ကုသမှုခံယူနေသူ (၃၅၁)ဦး ကျန်ရှိပြီး သေဆုံးသူမှာ (၇)ဦးအထိ ရှိကြောင်း သိရသည်။ 

Tachileik News Agency