ကျောက်မဲမြို့ နောင်ပိန်ဈေးတောင်ဖက်တွင် အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

ကျောက်မဲမြို့ နောင်ပိန်ဈေးတောင်ဖက်တွင် အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ပိန်ဈေး၏ တောင်ဖက်ထွက်ပေါက် အနီးတွင် အမျိုးသားတစ်ဦး ယနေ့ ဇွန်လ(၂၆)ရက်နေ့ နံနက်(၇)နာရီခွဲဝန်းကျင်အချိန်က လမ်းပေါ်တွင် သေနတ်ဖြင့် ပစ်သတ်ခံရ၍ သေဆုံးသွားကြောင်း သိရသည်။

သေဆုံးသူသည် ကျောက်မဲမြို့နယ်အတွင်း၊ နမ့်ဝရွာတွင် နေထိုင်သူ အသက်(၄၈)နှစ်ရှိ စိုင်းယုံ ဆိုသူဖြစ်ပြီး ၎င်းအား အမည်မသိသူများက ဆိုင်ကယ်စီးလာပြီး သေနတ်ဖြင့် (၃)ချက်  လမ်းပေါ်တွင် ပစ်ခတ်သွားခြင်းဖြစ်၍ နေရာတွင် ပွဲချင်းပြီး သေဆုံးသွားခြင်း ဖြစ်ကြောင်း သိရသည်။

သေနတ်ဖြင့် ပစ်ခံရမှုကြောင့် ဦးခေါင်း နှင့် ဘက်ဖက်လက်မောင်းတို့တွင် ကျည်ထိမှန်ကာ သေဆုံးခြင်း ဖြစ်ပြီး နံဘေးရှိ မော်တော်ယာဉ် တံခါးမှန်ကိုလည်း ကျဉ်(၁)ချက် ထိကြောင်း သိရသည်။

သေဆုံးသည့် ရုပ်အလောင်းအား ကျောက်မဲပြည်သူ့ဆေးရုံ၏ ရင်ခွဲရုံသို့ ကမ်းလင့်လက်များ လူမှုကူညီရေးအသင်း(နောင်ပိန်)က ပို့ဆောင်ပေးထားကြောင်း သိရသည်။

လတ်တလောတွင် အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ ပစ်ခတ်သည့်အကြောင်းအရာကို မသိရသေးပါ။

#TachileikNewsAgency

Photo: ကမ်းလင့်လက်များလူမှုကူညီရေးအသင်း(နောင်ပိန်)