ငဖဲမြို့နယ်တွင် ဖမ်းမိသည့် ဘင်္ဂါလီ (၂၄)ဦးအဖွဲ့၏ ဖေါ်ထုတ်ချက်အရ (၂) ဦးကို ထပ်မံ ဖမ်းဆီးရမိ

ငဖဲမြို့နယ်တွင် ဖမ်းမိသည့် ဘင်္ဂါလီ (၂၄)ဦးအဖွဲ့၏ ဖေါ်ထုတ်ချက်အရ (၂) ဦးကို ထပ်မံ ဖမ်းဆီးရမိ
ဒီဇင်ဘာ 22, 2019
By Tachileik News Agency
ငဖဲမြို့နယ်တွင် ဖမ်းမိသည့် ဘင်္ဂါလီ(၂၄)ဦးအဖွဲ့၏ ဖေါ်ထုတ်ချက်အရ (၂) ဦးကို
ထပ်မံဖမ်းဆီးရမိ

မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်၊ ပင်ဦးကျေးရွာအုပ်စု၊ ကံရွာကျေးရွာအနီး တောထဲမှ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၂၀) ရက်နေ့ ညပိုင်းနှင့် (၂၁) ရက်နေ့ နံနက်ပိုင်းတို့တွင် စစ်ဆေးတွေ့ရှိထားသော နိုင်ငံသား အထောက်အထား မရှိသည့် ဘင်္ဂါလီ (၂၄) ဦးအဖွဲ့မှ ကျန် (၂)ဦးကို ဒီဇင်ဘာ(၂၁)ရက်နေ့ ညနေပိုင်းက ထပ်မံစစ်ဆေး တွေ့ရှိရကြောင်း သိရသည်။

ငဖဲမြို့နယ် ပင်းဦးကျေးရွာအုပ်စု ကံရွာကျေးရွာအနီး တောထဲတွင် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၂၀)ရက်နေ့ ညပိုင်းက တွေ့ရသည့် (၂၂) ဦးအဖွဲ့ကို စစ်ဆေးရာ နိုင်ငံသားမဟုတ်သည့် ဘင်္ဂါလီများဖြစ်သည်ကို တွေ့ရသဖြင့် ရဲစခန်းတွင် ထိန်းသိမ်းခဲ့ပြီးနောက် တောထဲတွင် (၂)ဦးကျန်ရှိကြောင်း ဖေါ်ထုတ်သိရှိရသဖြင့် ရဲတပ်ဖွဲ့က ဆက်လက်ရှာဖွေရာ ဒီဇင်ဘာလ (၂၁)ရက်နေ့ နံနက်ပိုင်းတွင် ရှာဖွေတွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

နိုင်ငံသားအထောက်အထားမရှိသည့် ဘင်္ဂါလီ (၂၄)ဦးအဖွဲ့က ထပ်မံဖေါ်ထုတ်ချက်အရ တောထဲတွင် ကျန်ခဲ့သည့် အမျိုးသား (၂)ဦးကို ဒီဇင်ဘာလ (၂၁)ရက်နေ့ ညနေ (၆)နာရီခွဲဝန်းကျင်တွင် ထပ်မံရှာဖွေတွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

နိုင်ငံသားအထောက်အထားမရှိဘဲ ခိုးဝင်လာသည့် ဘင်္ဂါလီ (၂၆)ဦးကို ငဖဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန တာဝန်ရှိသူများက စစ်ဆေးနေပြီး ၁၉၄၉ ခုနှစ် မြန်မာနိုင်ငံအတွင်းနေထိုင်သူများ မှတ်ပုံတင်ရေးအက်ဥပဒေ ပုဒ်မ ၆(၃)ဖြင့် အမှုဖွင့်ဆောင်ရွက်နေကြောင်း သိရသည်။

မြန်မာနိုင်ငံအနောက်ဘက် နယ်စပ်ဒေသဖြစ်သည့် ရခိုင်ပြည်နယ်နှင့် နယ်နမိတ်ထိစပ်နေသည့် မကွေးတိုင်းဒေသကြီး အတွင်းသို့ နိုင်ငံသားအထောက်အထားမရှိသူများ ဝင်ရောက်လာလေ့ရှိကြောင်း သိရသည်။

Tachileik News Agency
သတင်း - ဖီးနစ်
ဓာတ်ပုံ - ရဲစခန်း

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~