ထိုင်းနိုင်ငံတွင် COVID 19 ကာကွယ်ဆေးထိုးပြီး နောက်ဆက်တွဲ နာမကျန်းဖြစ်သူ (၁,၉၄၅) ဦးနှင့် သေဆုံးသူ (၁၀၃) ဦး ရှိနေ

Dr Opas Kankawinpong, director-general of the Disease Control Department [ DCD ]
Dr Opas Kankawinpong, director-general of the Disease Control Department [ DCD ]
ထိုင်းနိုင်ငံတွင် COVID 19 ကာကွယ်ဆေးထိုးပြီး နောက်ဆက်တွဲ နာမကျန်းဖြစ်သူ (၁,၉၄၅) ဦးနှင့် သေဆုံးသူ (၁၀၃) ဦး ရှိနေ

ထိုင်းနိုင်ငံတွင် COVID 19 ကာကွယ်ဆေးထိုးပြီး နောက်ဆက်တွဲ နာမကျန်းဖြစ်သူ (၁,၉၄၅) ဦးနှင့် သေဆုံးသူ (၁၀၃) ဦးရှိပြီဖြစ်ကြောင်း ရောဂါကာကွယ်ထိန်းချုပ်ရေးဌာနက ၂၀၂၁ ခုနှစ်၊ ဇွန်လ (၂၄) ရက်နေ့တွင် ထုတ်ပြန်သည်။

သေဆုံးရခြင်းအကြောင်းရင်းကို စစ်ဆေးပြီးသူ (၄၂) ဦးမှာ ကာကွယ်ဆေးနှင့် ဆက်စပ်ခြင်း မရှိကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင်း ဇွန်လ (၂၁) ရက်နေ့အထိ COVID 19 ကာကွယ်ဆေးအကြိမ်ရေ (၇.၉) သန်းထိုးထားပြီးသည့်အနက် (၁,၉၄၅) ဦးမှာ နောက်ဆက်တွဲ ဖျားနာမှုခံစားကြရပြီး (၁၀၃) ဦးမှာ သေဆုံးသွားရကြောင်း သိရသည်။

သေဆုံးရသူ (၁၀၃) ဦး၏ သေဆုံးရခြင်းအကြောင်းရင်းကို စစ်ဆေးနေရာ စစ်ဆေးအဖြေရထားပြီးသည့် (၄၂) ဦး၏ စစ်ဆေးတွေ့ရှိရသည့်ရလဒ်များအရ ကာကွယ်ဆေးနှင့် တိုက်ရိုက်ဆက်စပ်ခြင်းမရှိကြောင်း သိရသည်။

တရုတ် COVID 19 ကာကွယ်ဆေး Sinovac ကို ပထမအကြိမ်ထိုးနှံပြီးနောက် နောက်ဆက်တွဲဆိုးကျိုးခံစားရသူမှာ ဆေးထိုးနှံသည့် အကြိမ်ရေ (၁၀၀၀၀၀) တွင် ၂၇.၀၉ ရာခိုင်နှုန်းရှိပြီး သေဆုံးရသူ ၁.၃ ရာခိုင်နှုန်းရှိသည်ဟု သိရသည်။

အဆိုပါ ကာကွယ်ဆေးကို ဒုတိယအကြိမ်ထိုးနှံပြီးနောက် နောက်ဆက်တွဲဆိုးကျိုးပြင်းထန်၍ ဆေးရုံတက်ရသူ (၂၄၃) ဦးနှင့် သေဆုံးရသူ (၇) ဦးရှိခဲ့သည်ဟု သိရသည်။

AstraZeneca ကာကွယ်ဆေး အကြိမ်ရေ (၁) သိန်းထိုးနှံပြီးနောက် နောက်ဆက်တွဲဆိုးကျိုးခံစားရသူ (၃၃.၉၃) ရာခိုင်နှုန်းနှင့် (၂.၁၃) ရာခိုင်နှုန်းရှိကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးကို ဒုတိယအကြိမ်ထိုးနှံမှုအတွင်း (၆) ဦး နောက်ဆက်တွဲဆိုးကျိုးခံစားရပြီး (၁) ဦးသေဆုံးခဲ့သည်ဟု သိရသည်။

Source: Bangkok Post