မိုင်းယန်းမြို့ ဈေးတန်းရပ်တွင် အိမ်ရှေ့၌ ရပ်ထားသည့် ဆိုင်ကယ်တစ်စီး ခိုးယူခံရ

မိုင်းယန်းမြို့ ဈေးတန်းရပ်တွင် အိမ်ရှေ့၌ ရပ်ထားသည့် ဆိုင်ကယ်တစ်စီး ခိုးယူခံရ

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့၊ ဈေးတန်းရပ်ကွက်တွင် ၂၀၂၁ ခုနှစ်၊ ဇွန်လ (၂၂) ရက်နေ့ နံနက်အစောပိုင်းက ဆိုင်ကယ်တစ်စီး ခိုးယူခံရသဖြင့် တွေ့ရှိပါက ပိုင်ရှင်ထံဆက်သွယ်ပေးကြရန် အကူအညီတောင်းထားသည်။

မျက်စိရှေ့တင် ခိုးသွားတာ။ လိုက်တာမမိလိုက်ဘူး။ ယောက်ျားလေး အသက်က(၂၆) နဲ့ (၃၀) ကြားလောက်ဖြစ်မယ်။ စာအုပ်နဲ့ သော့ခြင်းထဲထည့်ပြီး အထဲမှာပစ္စည်းထပ်သွားယူမလို့ သွားလိုက်တာ။ 

ဆိုင်ကယ်ထုတ်တဲ့အသံကြားတော့ ပြေးထွက်ကြည့်တာ လိုက်မမှီတော့ဘူးရှင့်။ ခြင်းထဲကစာအုပ်တော့ လမ်းမှာပစ်ထားခဲ့တယ်

ဟု ဆိုင်ကယ်ပိုင်ရှင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မိုင်းယန်းမြို့ ဈေးတန်းရပ်ကွက်နေအိမ်ရှေ့တွင် ရပ်ထားသည့် Honda Wave 110 i 2020 မော်ဒယ်၊ အပြာရောင်ဆိုင်ကယ်ကို ၂၀၂၁ ခုနှစ်၊ ဇွန်လ (၂၂) ရက်နေ့နံနက် (၁၀)နာရီ (၁၅)မိနစ်ဝန်းကျင်၌ ခိုးယူခံလိုက်ရခြင်းဖြစ်၍ တွေ့ရှိပါက ဖုန်း ၀၉၄၄၁၁၁၇၀၅၄ သို့ ဆက်သွယ်ပေးကြပါရန် ပိုင်ရှင်ဖြစ်သူက အကူအညီတောင်းခံထားသည်။

မိုင်းယန်းမှ အထူးဒေသ (၂)နှင့် အထူးဒေသ (၄) ဘက်ထွက်သည့်လမ်းမှာ ပိတ်ထားသဖြင့် ဆိုင်ကယ်ခိုးယူသူသည် မိုင်းခတ်နှင့် ကျိုင်းတုံဘက် ထွက်နိုင်သည်ဟု  ခန့်မှန်းထားကြသည်။