တာခ်ီလိတ္ၿမိဳ႕ ပြင့္သစ္စမူႀကိဳေက်ာင္းမွ ေက်ာင္းဆင္းလက္မွတ္ ခ်ီးျမႇင့္ျခင္း ႏွင့္အတူ ပေဒသာကပြဲ အခမ္းအနား က်င္းပ

တာခ်ီလိတ္ၿမိဳ႕ ပြင့္သစ္စမူႀကိဳေက်ာင္းမွ ေက်ာင္းဆင္းလက္မွတ္ ခ်ီးျမႇင့္ျခင္း ႏွင့္အတူ ပေဒသာကပြဲ အခမ္းအနား က်င္းပ
မေ 25, 2019
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕ ရန္ေအာင္ေျမရပ္ကြက္အတြင္းရွိ လူမႈ၀န္ထမ္းအသိအမွတ္ျပဳ ကိုယ့္အားကိုယ္ကိုး ပြင့္သစ္စမူႀကိဳေက်ာင္း၏ ေက်ာင္းဆင္းလက္မွတ္ခ်ီးျမႇင့္ျခင္း ႏွင့္ ပေဒသာကပြဲ အခမ္းအနားအား ၂၀၁၉ခုႏွစ္ ေမလ(၂၅)ရက္ေန႔ နံနက္က အဆိုပါ ေက်ာင္းတြင္ က်င္းပျပဳလုပ္ခဲ့သည္။

အဆိုပါ အခမ္းအနားတြင္ လူမႈ၀န္ထမ္းဦးစီးဌာနမွ ရွမ္းျပည္နယ္ဦးစီးမွဴး ဦးထြန္းဦးက အဖြင့္အမွာစကားေျပာၾကားၿပီးေနာက္ ေက်ာင္းသားေက်ာင္းသူ မူႀကိဳကေလးငယ္မ်ားက Thank You Teachers အဖြင့္သီခ်င္းျဖင့္ ကနဦး သီဆိုေဖ်ာ္ေျဖခဲ့ၾကသည္။

ဆက္လက္၍ ပြင့္သစ္စမူႀကိဳေက်ာင္း၏ ေက်ာင္းသား ေက်ာင္းသူ မူႀကိဳကေလးငယ္မ်ားအား ေက်ာင္းဆင္း လက္မွတ္ေပးအပ္ခ်ီးျမႇင့္ျခင္းအျဖစ္ လူမႈ၀န္ထမ္းဦးစီးဌာနမွ ရွမ္းျပည္နယ္ဦးစီးမွဴး ဦးထြန္းဦး၊ က်ဳိင္းတံုခရိုင္ လူမႈ၀န္ထမ္းဦးစီးဌာနရံုးမွ ဒုတိယညႊန္ၾကားေရးမွဴး ေဒၚခင္ခင္ျမင့္၊ က်ဳိင္းတံု ျပန္လည္ထူေထာင္ေရးစခန္းမွ စခန္းမန္ေနဂ်ာ ဦးမ်ုိးသက္ထြန္း၊ ပြင့္သစ္စ မူႀကိဳေက်ာင္းမွ  တာ၀န္ခံဆရာမႀကီး ေဒၚနန္းရွဲန္ဟြမ္၊ တာေလာ့ကိုယ့္အားကိုယ္ကိုး မူလတန္းႀကိဳေက်ာင္းမွ ဆရာမႀကီးေဒၚေလာယိုႏွင့္ ရင္ေသြးရတနာမူႀကိဳေက်ာင္းမွ ဆရာမႀကီး ေဒၚလွလွ၀င္းတို႔က အသီးအသီးေပးအပ္ခ်ီးျမႇင့္ခဲ့ၾကသည္။

ေက်ာင္းဆင္း လက္မွတ္ေပးအပ္ခ်ီးျမႇင့္ျခင္း အစီအစဥ္အၿပီးတြင္ ေက်ာင္းသား ေက်ာင္းသူ မူႀကိဳကေလးငယ္မ်ားက တိုင္းရင္းသားရိုးရာအကမ်ား ႏွင့္ ေခတ္ေပၚအကမ်ားျဖင့္ ကျပေဖ်ာ္ေျဖခဲ့ၾကသည္။

Tachileik News Agency
ဓါတ္ပံု - ေက်ာ္ဇင္ဟိန္း


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက်အတွင်းရှိ လူမှုဝန်ထမ်းအသိအမှတ်ပြု ကိုယ့်အားကိုယ်ကိုး ပွင့်သစ်စမူကြိုကျောင်း၏ ကျောင်းဆင်းလက်မှတ်ချီးမြှင့်ခြင်း နှင့် ပဒေသာကပွဲ အခမ်းအနားအား ၂၀၁၉ခုနှစ် မေလ(၂၅)ရက်နေ့ နံနက်က အဆိုပါ ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားတွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ရှမ်းပြည်နယ်ဦးစီးမှူး ဦးထွန်းဦးက အဖွင့်အမှာစကားပြောကြားပြီးနောက် ကျောင်းသားကျောင်းသူ မူကြိုကလေးငယ်များက Thank You Teachers အဖွင့်သီချင်းဖြင့် ကနဦး သီဆိုဖျော်ဖြေခဲ့ကြသည်။

ဆက်လက်၍ ပွင့်သစ်စမူကြိုကျောင်း၏ ကျောင်းသား ကျောင်းသူ မူကြိုကလေးငယ်များအား ကျောင်းဆင်း လက်မှတ်ပေးအပ်ချီးမြှင့်ခြင်းအဖြစ် လူမှုဝန်ထမ်းဦးစီးဌာနမှ ရှမ်းပြည်နယ်ဦးစီးမှူး ဦးထွန်းဦး၊ ကျိုင်းတုံခရိုင် လူမှုဝန်ထမ်းဦးစီးဌာနရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်ခင်မြင့်၊ ကျိုင်းတုံ ပြန်လည်ထူထောင်ရေးစခန်းမှ စခန်းမန်နေဂျာ ဦးမျိုးသက်ထွန်း၊ ပွင့်သစ်စ မူကြိုကျောင်းမှ တာဝန်ခံဆရာမကြီး ဒေါ်နန်းရှဲန်ဟွမ်၊ တာလော့ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းမှ ဆရာမကြီးဒေါ်လောယိုနှင့် ရင်သွေးရတနာမူကြိုကျောင်းမှ ဆရာမကြီး ဒေါ်လှလှဝင်းတို့က အသီးအသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ကျောင်းဆင်း လက်မှတ်ပေးအပ်ချီးမြှင့်ခြင်း အစီအစဉ်အပြီးတွင် ကျောင်းသား ကျောင်းသူ မူကြိုကလေးငယ်များက တိုင်းရင်းသားရိုးရာအကများ နှင့် ခေတ်ပေါ်အကများဖြင့် ကပြဖျော်ဖြေခဲ့ကြသည်။

Tachileik News Agency
ဓာတ်ပုံ - ကျော်ဇင်ဟိန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net