တာခ်ီလိတ္ႏွင့္မိုင္းဆတ္ခရိုင္တို႔မွ လူရည္ခြ်န္ (၁၁)ဦး ေလ့လာေရးခရီးစဥ္အၿပီး တာခ်ီလိတ္သို႔ ျပန္လည္ေရာက္ရွိတာခ်ီလိတ္ႏွင့္မိုင္းဆတ္ခရိုင္တို႔မွ လူရည္ခြ်န္ (၁၁)ဦး ေလ့လာေရးခရီးစဥ္အၿပီး တာခ်ီလိတ္သို႔ ျပန္လည္ေရာက္ရွိတာခ်ီလိတ္ႏွင့္မိုင္းဆတ္ခရိုင္တို႔မွ လူရည္ခြ်န္ (၁၁)ဦး ေလ့လာေရးခရီးစဥ္အၿပီး တာခ်ီလိတ္သို႔ ျပန္လည္ေရာက္ရွိ

တာခ်ီလိတ္ႏွင့္မိုင္းဆတ္ခရိုင္တို႔မွ လူရည္ခြ်န္ (၁၁)ဦး ေလ့လာေရးခရီးစဥ္အၿပီး တာခ်ီလိတ္သို႔ ျပန္လည္ေရာက္ရွိတာခ်ီလိတ္ႏွင့္မိုင္းဆတ္ခရိုင္တို႔မွ လူရည္ခြ်န္ (၁၁)ဦး ေလ့လာေရးခရီးစဥ္အၿပီး တာခ်ီလိတ္သို႔ ျပန္လည္ေရာက္ရွိတာခ်ီလိတ္ႏွင့္မိုင္းဆတ္ခရိုင္တို႔မွ လူရည္ခြ်န္ (၁၁)ဦး ေလ့လာေရးခရီးစဥ္အၿပီး တာခ်ီလိတ္သို႔ ျပန္လည္ေရာက္ရွိ
မေ 8, 2019
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္းမွ လူရည္ခၽြန္အျဖစ္ ေရြးခ်ယ္ခံရသည့္ ေက်ာင္းသား ေက်ာင္းသူ (၂၄) ဦး၏ ေလ့လာေရးခရီးစဥ္ကို ၂၀၁၉ ခုႏွစ္ ဧၿပီလ (၂၆) ရက္ေန႔က စတင္ခဲ့ၿပီးေနာက္ ေမလ (၈) ရက္ေန႔တြင္ တာခ်ီလိတ္ခရိုင္ႏွင့္ မိုင္းဆတ္ခရိုင္မွ ေက်ာင္းသား၊ ေက်ာင္းသူ လူရည္ခၽြန္(၁၁) ဦး ေလေၾကာင္း ခရီးစဥ္ျဖင့္ ျပန္လည္ေရာက္ရိွလာခဲ့ေၾကာင္း သိရသည္။

"တာခ်ီလိတ္ခရိုင္က လူရည္ခၽြန္ (၆) ေယာက္နဲ႔ မိုင္းတံု၊ မိုင္းဆတ္က လူရည္ခၽြန္ (၅) ေယာက္ရယ္။ ဆရာ၊ ဆရာမ (၂) ေယာက္ရယ္ အားလံုးေပါင္း (၁၃) ေယာက္ျပန္လာပါတယ္။"ဟု ေရႊမဟာကိုယ္ပိုင္အထက္တန္းေက်ာင္းမွ ေက်ာင္းအုပ္ဆရာႀကီး ဦးခင္ေမာင္ျမင့္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ေျပာသည္။

ရွမ္းျပည္နယ္အေရွ႕ပိုင္းတြင္ လူရည္ခၽြန္အျဖစ္ က်ိဳင္းတံုခရိုင္မွ ေက်ာင္းသား၊ ေက်ာင္းသူ (၁၂) ဦး၊ တာခ်ီလိတ္ခရိုင္မွ ေက်ာင္းသား၊ ေက်ာင္းသူ (၆) ဦး၊ မိုင္းဆတ္ခရိုင္မွ ေက်ာင္းသား၊ ေက်ာင္းသူ (၆) ဦးတို႔ေရြးခ်ယ္ခံခဲ့ရၿပီး လူရည္ခၽြန္အျဖစ္ေရြးခ်ယ္ခံရသည့္ တကၠသိုလ္၀င္တန္းေက်ာင္းသား၊ ေက်ာင္းသူမ်ားမွာ ေငြေဆာင္ကမ္းေျခ၊ န၀မတန္းေက်ာင္းသားေက်ာင္းသူမ်ားမွာ ေတာင္ႀကီး၊ အင္းေလးႏွင့္ အဌမတန္းမွ ေက်ာင္းသား၊ ေက်ာင္းသူမ်ားမွာ မႏၱေလး၊ ပုဂံသို႔ ေလ့လာေရးခရီးသြားေရာက္ခဲ့ၾကေၾကာင္း သိရသည္။

တာခ်ီလိတ္ေလဆိပ္တြင္၊ တာခ်ီလိတ္ ဒုတိယၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးမင္းေအာင္၊ တာခ်ီလိတ္ၿမိဳ႕နယ္ပညာေရးမွဴး ႏွင့္ ဆရာ/မမ်ား၊ ေက်ာင္းသားမိဘမ်ားမွ လာေရာက္ႀကိဳဆိုခဲ့ၾကေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - ေက်ာ္ဇင္ဟိန္း



~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်းမှ လူရည်ချွန်အဖြစ် ရွေးချယ်ခံရသည့် ကျောင်းသား ကျောင်းသူ (၂၄) ဦး၏ လေ့လာရေးခရီးစဉ်ကို ၂၀၁၉ ခုနှစ် ဧပြီလ (၂၆) ရက်နေ့က စတင်ခဲ့ပြီးနောက် မေလ (၈) ရက်နေ့တွင် တာချီလိတ်ခရိုင်နှင့် မိုင်းဆတ်ခရိုင်မှ ကျောင်းသား၊ ကျောင်းသူ လူရည်ချွန်(၁၁) ဦး လေကြောင်း ခရီးစဉ်ဖြင့် ပြန်လည်ရောက်ရှိလာခဲ့ကြောင်း သိရသည်။

"တာချီလိတ်ခရိုင်က လူရည်ချွန် (၆) ယောက်နဲ့ မိုင်းတုံ၊ မိုင်းဆတ်က လူရည်ချွန် (၅) ယောက်ရယ်။ ဆရာ၊ ဆရာမ (၂) ယောက်ရယ် အားလုံးပေါင်း (၁၃) ယောက်ပြန်လာပါတယ်။"ဟု ရွှေမဟာကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးခင်မောင်မြင့်က တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် လူရည်ချွန်အဖြစ် ကျိုင်းတုံခရိုင်မှ ကျောင်းသား၊ ကျောင်းသူ (၁၂) ဦး၊ တာချီလိတ်ခရိုင်မှ ကျောင်းသား၊ ကျောင်းသူ (၆) ဦး၊ မိုင်းဆတ်ခရိုင်မှ ကျောင်းသား၊ ကျောင်းသူ (၆) ဦးတို့ရွေးချယ်ခံခဲ့ရပြီး လူရည်ချွန်အဖြစ်ရွေးချယ်ခံရသည့် တက္ကသိုလ်ဝင်တန်းကျောင်းသား၊ ကျောင်းသူများမှာ ငွေဆောင်ကမ်းခြေ၊ နဝမတန်းကျောင်းသားကျောင်းသူများမှာ တောင်ကြီး၊ အင်းလေးနှင့် အဌမတန်းမှ ကျောင်းသား၊ ကျောင်းသူများမှာ မန္တလေး၊ ပုဂံသို့ လေ့လာရေးခရီးသွားရောက်ခဲ့ကြကြောင်း သိရသည်။

တာချီလိတ်လေဆိပ်တွင်၊ တာချီလိတ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းအောင်၊ တာချီလိတ်မြို့နယ်ပညာရေးမှူး နှင့် ဆရာ/မများ၊ ကျောင်းသားမိဘများမှ လာရောက်ကြိုဆိုခဲ့ကြကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - ကျော်ဇင်ဟိန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net