ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းယန်းမြို့တွင် ဆုံဆို့နာကာကွယ်ဆေး အပါအဝင် အမှီလိုက် ကာကွယ်ဆေးများကို စက်တင်ဘာလ(၁၀)ရက်နေ့က စတင်ကာ (၁၅)ရက်နေ့အထိ အခမဲ့ ထိုးနှံပေးသွားမည်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းယန်းမြို့တွင် ဆုံဆို့နာကာကွယ်ဆေး အပါအဝင် အမှီလိုက် ကာကွယ်ဆေးများကို စက်တင်ဘာလ(၁၀)ရက်နေ့က စတင်ကာ (၁၅)ရက်နေ့အထိ အခမဲ့ ထိုးနှံပေးသွားမည်
စက်တင်ဘာ 10, 2020
By Tachileik News Agency

 ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းယန်းမြို့တွင် ဆုံဆို့နာကာကွယ်ဆေး အပါအဝင် အမှီလိုက် ကာကွယ်ဆေးများကို စက်တင်ဘာလ(၁၀)ရက်နေ့က စတင်ကာ (၁၅)ရက်နေ့အထိ အခမဲ့ ထိုးနှံပေးသွားမည်

ဆုံဆို့နာရောဂါအဖြစ်များနေသည့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် မိုင်းယန်းမြို့မှ အသက် (၁၅)နှစ်အောက် ကလေးငယ်များကို ဆုံဆို့နာ ရောဂါကာကွယ်ဆေး အပါအဝင် အမှီလိုက် ကာကွယ်ဆေးများကို ၂၀၂၀ခုနှစ် စက်တင်ဘာလ(၁၀)ရက်နေ့က စတင်၍ အခမဲ့ ထိုးနှံပေးနေကြောင်း သိရသည်။

 

မိုင်းယန်းမြို့အတွင်းရပ်ကွက်များတွင် အိမ်ထောင်စုအလိုက် စာရင်းရေးသွင်းကောက်ယူထားသည့် အသက် (၁ )နှစ်မှ (၁၅)နှစ်အတွင်းရှိ‌နိုင်သော ပါမိုင်ရပ်ကွက်၊ ဈေးတန်းရပ်ကွက်၊ ဝိန်းလိတ်ရပ်ကွက်၊ ဟော်ကန်ရပ်ကွက်၊ မွန်ကဲရပ်ကွက်၊ ပါနွန်းရပ်ကွက်၊ ဟော်တိုက်ရပ်ကွက်နှင့် နယ်မြေခံတပ်ရင်းများဖြစ်သော ခ.လ.ရ (၂၇၉)နှင့် ခ.လ.ရ(၂၈၁) တို့မှ ရည်မှန်းကလေး ဦးရေ စုစုပေါင်း (၁၄၀၀)ကျော် ရှိကြောင်း သိရသည်။
ဆေးထိုးနှံပေးခြင်းကို ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများ၊ စာသင်ကျောင်းများနှင့် ဘုရားကျောင်းများ အပါအဝင် တပ်တွင်း သတ်မှတ်နေရာများ တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ မိုင်းယန်းမြို့နယ် ဆေးရုံအုပ်ကြီး ဒေါက်တာဖြိုးထွဋ်ဘိုဘိုထွန်း နှင့် မိုင်းယန်းမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်‌ဌေးဌေးခိုင်တို့၏ ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက သတ်မှတ်နေ့ရက်များ နှင့် အချိန်များခွဲ၍  ထိုးနှံပေးနေခြင်း ဖြစ်ကြောင်း သိရသည်။
မိုင်းယန်းမြို့တွင်  ဆုံဆို့နာ ရောဂါကာကွယ်ဆေး အပါအဝင် အမှီလိုက် ကာကွယ်ဆေးများများကို အခမဲ့ ထိုးနှံပေးခြင်းအဖြစ် ၂၀၂၀ခုနှစ် စက်တင်ဘာလ(၁၀)ရက်နေ့မှ စက်တင်ဘာလ(၁၅)ရက်နေ့အထိ သတ်မှတ်နေရာများတွက် နေ့အလိုက် ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ဆုံဆို့ရောဂါပိုးရှိသူ နှာချေ၊ ချောင်းဆိုးရာမှ လွင့်စင်သည့် အမှုန်များမှတစ်ဆင့် အရာဝတ္ထုများတွင် ရောဂါပိုးကပ်ညိနေသည်ကို လက်မဆေးဘဲ ထိတွေ့မိရာမှ အသက်ရှုလမ်းကြောင်းအတွင်း ဝင်ရောက်ခြင်းဖြင့်လည်းကောင်း၊ နှာချေချောင်းဆိုးစဉ် အနီးဝန်းကျင်တွင် ရှိနေသူများ အသက်ရှုလမ်းကြောင်းအတွင်း ဝင်ရောက်ခြင်းဖြင့်လည်းကောင်း ကူးစက်ခံရနိုင်ကြောင်း သိရသည်။
နှာခေါင်းစည်းတပ်ခြင်း၊ လက်မကြာခဏဆေးခြင်းဖြင့် ဆုံဆို့ရောဂါပိုး ကူးစက်ခံရခြင်းမှ ကာကွယ်နိုင်ကြောင်း သိရသည်။
Tachileik News Agency
သတင်း/ဓါတ်ပုံ - မသီတာ
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~