ဆေးခြောက်ပင်အမြစ်တွင် COVID 19 လူနာများ၏ အဆုတ်ကို ကုသနိုင်သည့် အာနိသင်တွေ့ရှိ

ဆေးခြောက်ပင်အမြစ်တွင် COVID 19 လူနာများ၏ အဆုတ်ကို ကုသနိုင်သည့် အာနိသင်တွေ့ရှိ

ထိုင်းနိုင်ငံတွင် ဆေးခြောက်ကို ဆေးဝါးအဖြစ် အသုံးပြုခွင့်ပေးပြီး သုတေသနလုပ်နေရာ ဆေးခြောက်ပင်အမြစ်တွင် အဆုတ်ကို ကုသနိုင်မည့်အာနိသင်တွေ့ထားရာ COVID 19 ကြောင့် အဆုတ်ထိခိုက်သည့်လူနာများအား ကုသရေးအတွက် အထောက်အကူပြုနိုင်ဖွယ်ရှိနေပြီး ဆက်လက်လေ့လာနေသည်ဟု သိရသည်။

ပြည်သူ့ကျန်းမာရေးဝန်ကြီး အနုတင်ချန်ဝိရာခွန်က ၂၀၂၁ ခုနှစ် ဇွန်လ (၂၁) ရက်နေ့တွင် ဆေးသိပ္ပံဌာန၏ ဆေးခြောက်အမျိုးအစား (၄) မျိုး၏ ဆေးခြောက်အဖူးများရိတ်သိမ်းသည့်အခမ်းအနားတွင်  ပြောကြားလိုက်သည်။

ထိုင်းနိုင်ငံတွင် ဆေးခြောက်ကို ဆေးဝါးအဖြစ်သုံးစွဲခွင့်ပြုပြီး သုတေသနလုပ်နေရာ ရောဂါအမျိုးအစားများစွာကို ကုသနိုင်သည့် အာနိသင်များအား တွေ့ထားသည့်အပြင် ဆေးခြောက်အမြစ်မှ အဆုတ်ကို ကုသနိုင်သည့် အာနိသင်ကို COVID 19 လူနာများ ကုသရေးတွင်သုံးရန် လေ့လာနေသည်ဟု သိရသည်။



ဆေးခြောက်ကို ဆေးဝါးအဖြစ်အသုံးပြုခွင့်၊ စိုက်ပျိုးခွင့်ပြုထားသော်လည်း တင်းကျပ်သည့်စည်းမျဉ်းသတ်မှတ်ချက်များဖြင့် စိစစ်၍ လုပ်ကိုင်ခွင့်ပေးထားခြင်းဖြစ်သည်။

Source: The Standard

Photo: The Standard