တာချီလိတ်မြို့ရှိ မိုးကုတ်တရားရိပ်သာတွင် (၂၁)ရက် Facilities Quarantine ထဲက ဓါတ်ခွဲနမူနာယူထားသူများ အားလုံး covid-19 ပိုးမတွေ့ကြောင်း အဖြေထွက်

တာချီလိတ်မြို့ရှိ မိုးကုတ်တရားရိပ်သာတွင် (၂၁)ရက် Facilities Quarantine ထဲက ဓါတ်ခွဲနမူနာယူထားသူများ အားလုံး covid-19 ပိုးမတွေ့ကြောင်း အဖြေထွက်
ဧပြီ 26, 2020
By Tachileik News Agency
တာချီလိတ်မြို့ရှိ မိုးကုတ်တရားရိပ်သာတွင် (၂၁)ရက် Facilities Quarantine ထဲက ဓါတ်ခွဲနမူနာယူထားသူများ အားလုံး covid-19 ပိုးမတွေ့ကြောင်း အဖြေထွက်

တာချီလိတ်မြို့တွင်  (၂၁)ရက် Facilities Quarantine ထားရှိသည့်  နေရပ်ပြန်များထဲက (၁၀)ရာခိုင်နှုန်းအား ဓါတ်ခွဲနမူနာ ပို့ဆောင်စစ်ဆေးရာ ၂၀၂၀ခုနှစ် ဧပြီလ(၂၆)ရက်နေ့ နံနက်ပိုင်းတွင် ထုတ်ပြန်သည့် အဖြေအရ covid-19 ပိုးမတွေ့ရကြောင်း သိရသည်။

''Facilities Quarantine ကတော့ အားလုံး Negative ဆိုတော့ သူတို့ရက်ပြည့်တဲ့နေ့ ပြန်လို့ရပြီ"ဟု ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဘစိုးသက်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်မြို့ရှိ မိုးကုတ်တရားရိပ်သာတွင် Facilities Quarantine (၂၁)ရက် ထားရှိသည့် နေရပ်ပြန် (၂၀၀) ကျော်ထဲက (၁၀)ရာခိုင်နှုန်းအဖြစ် (၁၉)ဦးအား ဧပြီလ(၂၃)ရက်နေ့က ဓါတ်ခွဲနမူနာယူရခဲ့ရာတွင် ဧပြီလ (၂၆)ရက်နေ့ အဖြေအရ အားလုံးတွင် covid-19 ပိုးမတွေ့ရကြောင်း အဖြေထွက်ခြင်း ဖြစ်သည်။

ထိုင်းနိုင်ငံ ဘန်ကောက်အပါအဝင် မြို့အသီးသီးက မယ်ဆိုင်မြို့သို့ ရောက်ရှိလာသည့် မြန်မာနိုင်ငံသား (၂၀၀)ကျော်ကို တာချီလိတ်ရှိ မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၂)တံတားတွင် ၂၀၂၀ခုနှစ် ဧပြီလ(၆)ရက်နေ့က လက်ခံကာ မိုးကုတ်တရားရိပ်သာတွင် Facilities Quarantine (၂၁)ရက် သတ်မှတ်ကာ ခရိုင်/မြို့နယ်စီမံခန့်ခွဲမှုကော်မတီ၏ ကြီးကြပ်မှုနှင့် Volunteer များ၏ စောင့်ကြပ်အတူ စေတနာရှင်များမှ နေ့စဉ် ကျပ်(၁၀)သိန်းကျော် အကုန်ကျခံကာ ကျွေးမွေးလှူဒါန်းပေးမှုများဖြင့် စောင့်ကြည့်ထားရသူများ ဖြစ်သည်။

၂၀၂၀ခုနှစ် ဧပြီလ (၂၅)ရက်နေ့နှင့် (၂၆)ရက်နေ့၏ ဓါတ်ခွဲအဖြေအရ ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်၊ ကျိုင်းတုံ နှင့် မိုင်းဆတ်မြို့တို့မှ ဓါတ်ခွဲနမူနာများ အားလုံးမှာ covid-19 ပိုးမတွေ့ရကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ဧပြီလ (၂၆)ရက်နေ့အထိ ထုတ်ပြန်ချက်အရ ကူးစက်ခံရသူ စုစုပေါင်း (၁၄၆)ဦးရှိပြီး သေဆုံးသူမှာ (၅)ဦးရှိကြောင်း သိရသည်။

 Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~