ကမ္ဘောဒီးယားတွင် COVID 19 ကြောင့် သေဆုံးသူများလာပြီး အတည်ပြုလူနာနှင့် ထိတွေ့မှုရှိခဲ့သည့် ဝန်ကြီးချုပ်ကိုလည်း  Quarantine  သတ်မှတ်ထား

Covid-19 ကာကွယ်ဆေးနေသည့် ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ်ဟွန်ဆန် [Photo: Mint]
Covid-19 ကာကွယ်ဆေးနေသည့် ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ်ဟွန်ဆန် [Photo: Mint]
ကမ္ဘောဒီးယားတွင် COVID 19 ကြောင့် သေဆုံးသူများလာပြီး အတည်ပြုလူနာနှင့် ထိတွေ့မှုရှိခဲ့သည့် ဝန်ကြီးချုပ်ကိုလည်း  Quarantine  သတ်မှတ်ထား

ကမ္ဘောဒီးယားနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဇွန်လ (၁၉) ရက်နေ့ တစ်နေ့တာအတွင်း COVID 19 ဖြင့် သေဆုံးရသူ (၂၀) ဦးဖြင့် (၂၄)နာရီအတွင်း အများဆုံးသေဆုံးမှုဖြစ်ပွားပြီး ဝန်ကြီးချုပ် ဟွန်ဆန်မှာလည်း COVID 19 အတည်ပြုလူနာနှင့်ထိတွေ့မှု ရှိသဖြင့် (၁၄) ရက်  Quarantine ထိုင်နေရကြောင်း သိရသည်။

ထိုင်းနိုင်ငံဘက်မှ ကူးစက်မှုပိုမြန်သည့် COVID 19 ဗိုင်းရပ်စ်အမျိုးအစားလူနာများကို တွေ့ရှိထားကြောင်းလည်း ကမ္ဘောဒီးယားတာဝန်ရှိသူများက သတိပေးထားသည်။

COVID 19 စစ်ဆေးရန်  Quarantine  နေထိုင်နေရသည့် ဝန်ကြီးချုပ်ဟွန်ဆန်မှာ လာမည့်တစ်ပတ်အတွင်း ဗြိတိန်နိုင်ငံခြားရေးဌာန အတွင်းရေးမှူးနှင့် တွေ့ဆုံမည့် အစီအစဉ်ကိုပါ ရွှေ့ဆိုင်းထားရကြောင်း သိရသည်။

ကမ္ဘောဒီးယားနိုင်ငံသည် ယခုနှစ် ဖေဖေါ်ဝါရီလ မတိုင်မီအချိန်ထိ ကမ္ဘာတွင် အတည်ပြုလူနာတွေ့ရှိမှုအနည်းဆုံးဖြစ်နေခဲ့ပြီး ဖေဖေါ်ဝါရီလနှောင်းပိုင်းမှစ၍ အတည်ပြုလူနာအရေအတွက် (၄၂၀၅၂)အထိ တိုးလာသည့်အပြင် သေဆုံးသူ (၄၁၄)ဦးအထိ မြင့်တက်လာခြင်းဖြစ်ကြောင်း သိရသည်။

ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ်ဟွန်ဆန်သည် Covid-19 ကာကွယ်ဆေးကို မတ်လ(၂)ရက်နေ့က ထိုးထားသူဖြစ်သော်လည်း အတည်ပြုလူနာနှင့် ထိတွေ့ထားသူဖြစ်၍ (၁၄)ရက် Quarantine  နေထိုင် နေရခြင်း ဖြစ်သည်။

source: Bangkok Post