တောင်ကြီးမြို့ ကျောင်းကြီးစုရပ်ကွက်တွင် အာဏာသိမ်းအဖွဲ့၏ ရဲများက နေအိမ် အုတ်တံတိုင်းကို ကျော်လာပြီး အမျိုးသားတစ်ဦးကို ဖမ်းဆီးသွား

တောင်ကြီးမြို့ ကျောင်းကြီးစုရပ်ကွက်တွင် အာဏာသိမ်းအဖွဲ့၏ ရဲများက နေအိမ် အုတ်တံတိုင်းကို ကျော်လာပြီး အမျိုးသားတစ်ဦးကို ဖမ်းဆီးသွား
ဇွန် 20, 2021 | ရှမ်းတောင်

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့ ကျောင်းကြီးစုရပ်ကွက်တွင် ဇွန်လ(၁၉)ရက်နေ့ ည(၁၀)နာရီခွဲဝန်းကျင်အချိန်က အာဏာသိမ်းစစ်ကောင်စီ၏ ရဲများက အိမ်ခြံ အုတ်တံတိုင်းကို ကျော်လာပြီး အမျိုးသားတစ်ဦးကို ဖမ်းဆီးသွားကြောင်း သိရသည်။

ကျောင်းကြီးစုရပ်ကွက်၊ နယ်မြေ(၉) အနောက်ပင်စင် သဇင်လမ်း(၃)ရှိ နေအိမ်တွင် ၂၀၂၁ခုနှစ် ဇွန်လ(၁၉)ရက်နေ့ ည(၁၀)နာရီခွဲဝန်းကျင်အချိန်က အိမ်စီးကား (၂)စီးဖြင့် ရောက်ရှိလာသည့် အာဏာသိမ်းစစ်ကောင်စီ၏ ရဲများက အပြင်ကနေ နေအိမ်အတွင်းသို့ (၃)ကြိမ် အော်ခေါ်ရာ တံခါးမဖွင့်ပေးသည့် အတွက်ကြောင့်ဟုဆိုကာ နေအိမ်အတွင်းသို့ အုတ်တံတိုင်းကို ကျော်လာပြီး ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း သိရသည်။

လာရောက်ဖမ်းဆီးစဉ် နေအိမ်အတွင်း မွှေနှောက်ရှာဖွေမှုများပါ လုပ်ဆောင်သွားကြောင်း သိရသည်။



ဖမ်းဆီးခံရသူမှာ အသက်(၃၈)နှစ်အရွယ် ကိုသန့်ဇင်ထွန်းဆိုသူဖြစ်ပြီး ၎င်းအား မည်သည့်အကြောင်းကြောင့် မသိရသေးသော်လည်း ပြီးခဲ့ရက်က အိမ်အနီးရှိ လူငယ်တစ်ဦးကိုလည်း ဖမ်းဆီးသွားမှုများ ရှိကြောင်း သိရသည်။