ကယားပြည်နယ်တွင် အခြေခံပညာအထက်တန်းအဆင့် ကျောင်း(၅၆)ကျောင်းအနက် (၁၈)ကျောင်းသာ ဖွင့်လှစ်ခွင့်ရသေး

ကယားပြည်နယ်တွင် အခြေခံပညာအထက်တန်းအဆင့် ကျောင်း(၅၆)ကျောင်းအနက် (၁၈)ကျောင်းသာ ဖွင့်လှစ်ခွင့်ရသေး
ဇူလိုင် 21, 2020
By Tachileik News Agency
ကယားပြည်နယ်တွင် အခြေခံပညာအထက်တန်းအဆင့် ကျောင်း(၅၆)ကျောင်းအနက် (၁၈)ကျောင်းသာ ဖွင့်လှစ်ခွင့်ရသေး

ကယားပြည်နယ်တွင် အခြေခံပညာအထက်တန်းအဆင့် (၅၆)ကျောင်းရှိသည့်အနက် ကျန်မာရေးဝန်ကြီးဌာန မှသတ်မှတ်ထားသည့်  COVID 19 ကာကွယ်ရေးစံချိန်စံနှုန်းနှင့် ကိုက်ညီသည့် ကျောင်းပေါင်း (၁၈)ကျောင်းသာ ဇူလိုင်လ ၂၁ ရက်နေ့မှစ၍ ဖွင့်လှစ် ခွင့်ပြုထားကြောင်း ပြည်နယ်ပညာရေးမှူးရုံးမှသိရသည်။

Covid-19 ကာလကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်အရ ကျောင်းတွေကို စိစစ်တဲ့အခါမှာ ကနဦးစိစစ်ချက်အရ (A)အဆင့်ရတဲ့ကျောင်းတွေကို ဖွင့်ခွင့်ပေးထားပါတယ်။ လက်ရှိ ကနဦးစိစစ်ချက်အရ ဖွင့်ခွင့်ရတဲ့ကျောင်းပေါင်းကတော့ အခြေခံပညာမှာ (၁၈)ကျောင်းနဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းက (၄)ကျောင်း စုစုပေါင်း (၂၂)ကျောင်းဖွင့်ခွင့်ရရှိပါတယ် 

ဟု ကယားပြည်နယ် ပညာရေးမှူး ဦးလူစီယားနိုက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကျောင်းမဖွင့်နိုင်သေးသော ကျောင်းများမှာ အမှိုက်ပုံးများ၊ သတ်မှတ်ချက်များနှင့်ညီသည့် အကာကွယ်ပစ္စည်းများ ၊ ပိုးသတ်ဆေးဖျန်းခြင်းလုပ်ဆောင်ရာတွင် လိုအပ်သည့် အကာကွယ်ပစ္စည်းများ မလုံလောက်ခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။

ကျန်မာရေးဝန်ကြီးဌာနမှသတ်မှတ်ထားသည့် Covid-19 ကာကွယ်ထိန်းချုပ်ရေး စံချိန်စံနှုန်းနှင့်အညီ အထက်တန်းကျောင်းများ ဖွင့်လှစ်နိုင်ရန် မြို့နယ်ပညာရေးမှူးများ ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ သက်ဆိုင်ရာ မိဘဆရာအသင်းကျောင်းအကျိုးတော်ဆောင်များ ပါဝင်သည့် အဖွဲ့မှ မြို့နယ်အလိုက် အထက်တန်းကျောင်းများအား စစ်ဆေးရာတွင် သတ်မှတ်ချက်များနှင့် ကိုက်ညီမှု ရှိသောကျောင်းအား (A) အဆင့်၊ အနည်းငယ်လို အပ်ချက်ရှိနေသော ကျောင်းများအား (B) အဆင့်နှင့် လိုအပ်ချက်များနေသေးသော ကျောင်းများအား (C) အဆင့်သတ်မှတ်၍ (A) အဆင့်ရရှိသော  ကျောင်းများကိုသာ စတင်ဖွင့်ခွင့်ပြုထားခြင်းဖြစ်ကြောင်းသိရသည်။

ကယားပြည်နယ်တွင် အခြေခံပညာအထက်တန်း ကျောင်းအဆင့် (၅၆) ကျောင်းနှင့် ကိုယ်ပိုင် အထက်တန်းကျောင်း(၆)ကျောင်းရှိသည့်အနက် လွိုင်ကော်မြို့နယ်မှ (၄) ကျောင်း၊ ဒီးမော့ဆိုမြို့နယ်မှ (၁၃) ကျောင်း၊ ဘောလခဲမြို့နယ် ရွာသစ်မြို့မှ (၁) ကျောင်းနှင့် ကိုယ်ပိုင်အထက်တန်းကျောင်း(၄)ကျောင်းတို့တွင်သာ ကျန်မာရေးဝန်ကြီးဌာနမှသတ်မှတ်ထားသည့် စံချိန်စံနှုန်းနှင့် ကိုက်ညီပြီး A အဆင့်ရရှိထားခြင်းဖြစ်ကြောင်း သိရသည်။

ဇူလိုင် (၁၇) ရက်နေ့စပြီး (၂၀) ရက်နေ့ထိ (၄)ရက်အတွင်းပေါ့ ကနဦးဝင်စစ်တဲ့အခါမှာ A အဆင့် ရတယ်။ တစ်ချို့ကျောင်းတွေက B ရတယ်။ B ရတဲ့ကျောင်းကို အချိန်တိုအတွင်း လိုအပ်ချက်လေးတွေကို ဖြည့်ဆည်း ခိုင်းပါတယ်။ အခုဆိုရင် ကျွန်တော်တို့ B ရတဲ့ကျောင်းတွေက အကုန်လုံး A ရပြီဖြစ်ပါတယ်။ ဒါကိုပြန်ဖွင့် နိုင်ဖို့ အတွက် ကျွန်တော်တို့ သက်ဆိုင်ရာအခြေခံပညာဦးစီးဌာနကို တင်ပြထားပြီဖြစ်ပါတယ် 

ဟု ကယားပြည်နယ် ပညာေရေးမှူး ဦးလူစီယားနိုက ပြောသည်။

ကျောင်းအဝင်များတွင် ကျောင်းသားများနှင့် ကျောင်းသားမိဘများ၊ ကျောင်းဆရာဆရာမများ လိုက်နာရမည့် ညွှန်ကြားချက်များ၊  ကျောင်းမလာမီ ၊ ကျောင်းလာစဉ် ၊ စာသင်ချိန်နှင့်  မုန့်စားကျောင်းဆင်းချိန်များတွင် လိုက်နာရမည့် စည်းကမ်းချက်များအား ထုတ်ပြန်ပေးထားပြီဖြစ်ပြီး ဆရာ၊ ဆရာမများ၊ ကျောင်းသူ ကျောင်းသားများ မှ ကျောင်းအတွင်းကျန်းမာရေးဝန်ကြီးဌာန၏  ညွှန်ကြားချက်နှင့်အညီ ကိုယ်အပူချိန် တိုင်းတာခြင်း၊ လက်ဆေးခြင်း ၊ (၆)ပေအကွာ ကျောင်းတက်ခြင်း၊ စာသင်ခန်းများအတွင်း စနစ်တကျ သင်ကြားပို့ချနိုင်ရေး ဆောင်ရွက်ထားကြောင်းသိရသည်။

ကျောင်းသားတစ်ဦးလျှင် mask(၂)ခု ၊ Face Shield (၁)ခု အားအခမဲ့ ထောက်ပံ့ပေးထားပြီး ကျောင်းများတွင် ကိုယ်အပူချိန်တိုင်း သာမိုမီတာ၊ hand gel၊ လက်ဆေးဘေစင်များကို ပညာရေးဝန်ကြီးဌာနက ပံ့ပိုးပေးထားကြောင်း သိရသည်။

 Tachileik News Agency
သတင်း/ဓါတ်ပုံ - ဆန်းဖြိုးထွန်း


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~