မိုးဗြဲရဲစခန်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်မှ အကြောင်းမဲ့ ပစ်ခတ်မှုကြောင့် ပြည်သူတစ်ဦး သေဆုံးကာ၊ တစ်ဦး ဒဏ်ရာရ

မိုးဗြဲရဲစခန်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်မှ အကြောင်းမဲ့ ပစ်ခတ်မှုကြောင့် ပြည်သူတစ်ဦး သေဆုံးကာ၊ တစ်ဦး ဒဏ်ရာရ
ဇွန် 3, 2021 | ရှမ်းတောင်

ရှမ်းပြည်တောင်ပိုင်း၊ မိုးဗြဲမြို့တွင် ဇွန်လ(၂)ရက်နေ့ ညပိုင်းက ရဲစခန်းအတွင်း တပ်ချထာသေ ာစစ်ကောင်စီအဖွဲ့မှ လမ်းသွားလမ်းလာ ပြည်သူ (၂)ဦးအား အကြောင်းမဲ့ ပစ်ခတ်ခဲ့သောကြောင့် (၁)ဦးသေဆုံးခဲ့ရကြောင်း သိရသည်။ 

"တစ်ဦးကို ကျည်ထိတော့   ကျွန်တော်တို့ ဒေသခံတွေက ကယ်ထားပြီး ဆေးကုသပေးထားတယ်။ နောက်တစ်ယောက်ကို တော့ ကယ်လို့မရခဲ့ဘူး။ သူတို့က စနိုက်ပါနဲ့ အကြောင်းမဲ့ပစ်တာပါ။ ခုဒီမနက် သွားကြည့်တော့ ညက ကယ်လို့မရခဲ့တဲ့ တစ်ယောက်က နှာဖူးမှာ ထိတဲ့ဒဏ်ရာနဲ့ သေနေတာပေါ့။"ဟု မိုးမြဲဒေသခံတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ​ပြောသည်။

ရဲတပ်ဖွဲ့ အတုံးအရုံးသေဆုံးမှု ရှိခဲ့သည့် မိုးဗြဲရဲစခန်းတွင် တပ်စွဲထားသော စစ်ကောင်စီတပ်များမှ ဇွန်လ(၂)ရက်နေ့ မွန်းလွဲပိုင်းက လမ်းသွား လမ်းလာပြည်သူများအား အကြောင်းမဲ့ ရမ်းသမ်းပစ်ခတ် နေသောကြောင့် ပြည်သူတစ်ဦး ဒဏ်ရာရရှိခဲ့တဲ့အတွက် မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်မှ ပြန်လည်ပစ်ခတ်၍ တိုက်ပွဲ ဖြစ်ပွားမှုရှိခဲ့ကြောင်း မိုးဗြဲမြို့ပြည်သူ့ကာကွယ်ရေးတပ်(PDF)မှ သတင်းထုတ်ပြန်ထားသည်။