ရွမ္းျပည္နယ္အတြင္းရိွ တိုးဂိတ္ဧရိယာမ်ားတြင္ လမ္းညစ္ညမ္းမႈႏွင့္ လမ္းပ်က္စီးမႈမ်ားျဖစ္ေစသည့္အတြက္ ကုန္တင္ကုန္ခ်ျပဳလုပ္ပါက အေရးယူမည္

ရွမ္းျပည္နယ္အတြင္းရိွ တိုးဂိတ္ဧရိယာမ်ားတြင္ လမ္းညစ္ညမ္းမႈႏွင့္ လမ္းပ်က္စီးမႈမ်ားျဖစ္ေစသည့္အတြက္ ကုန္တင္ကုန္ခ်ျပဳလုပ္ပါက အေရးယူမည္
မေ 15, 2019
By Tachileik News Agency

ရွမ္းျပည္နယ္အတြင္းရိွ တိုးဂိတ္ဧရိယာမ်ားတြင္ ျဖဴနီက်ားမ်ဥ္းမ်ားေရးဆြဲသြားရန္ တင္ျပထားၿပီး တိုးဂိတ္ဧရိယာအနီးတြင္ ယာဥ္ငယ္မ်ားျဖင့္ ကုန္ကိုေလွ်ာ့ခ်တင္ေဆာင္မႈမ်ား ျပဳလုပ္ေနသည့္ ကုန္ပိုတင္သည့္ ေမာ္ေတာ္ယာဥ္မ်ားကို အေရးယူရန္ေဆာင္ရြက္ေနေၾကာင္း သိရသည္။

လမ္းအသံုးျပဳခေကာက္ခံသည့္ တိုးဂိတ္ျဖတ္ေက်ာ္ကာနီးတြင္ ယာဥ္ငယ္မ်ားျဖင့္ ကုန္ကိုေလွ်ာ့ခ်ျခင္းမ်ား လုပ္ေဆာင္ၾကသျဖင့္ လမ္းညစ္ညမ္းမႈႏွင့္ လမ္းပ်က္စီးမႈမ်ားျဖစ္ေပၚေနေၾကာင္း သိရသည္။

"ဒီဘက္မွာဆိုရင္ ေက်ာက္မီးေသြးေပါ့။ ကေလာဘက္မွာဆိုရင္ ဘိလပ္ေျမစက္ရံုက ထြက္တဲ့ အမႈန္႔ေတြေပါ့။ ဒါေတြကိုသယ္လာတယ္ေပါ့။ တိုးဂိတ္မေရာက္ခင္မွာ ၀ိတ္ေလ်ာ့တဲ့အေနနဲ႔ ေထာ္လာဂ်ီေတြ၊ ဒိုင္နာကား၊ ကင္တာကားေတြနဲ႔ ကဲ့ၿပီးေတာ့ သယ္ေနၾကတယ္ေပါ့"ဟု ေတာင္ႀကီးခ႐ိုင္လမ္းဦးစီးဌာန လက္ေထာက္ညႊန္ၾကားေရးမွဴး (ၿမိဳ႕ျပ) ဦးမ်ိဳးလြင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

မၾကာမီျပဌာန္းေတာ့မည့္ ရွမ္းျပည္နယ္ လမ္းတံတားဥပေဒတြင္ အဆိုပါကိစၥႏွင့္ပတ္သက္၍ ျပစ္မႈ၊ ျပစ္ဒဏ္မ်ားပါ ထည့္သြင္းထားေၾကာင္း သိရသည္။

“ ဒီဥပေဒ ထြက္လာရင္ေတာ့ ထိထိေရာက္ေရာက္ကိုင္တြယ္ႏိုင္ေတာ့မွာ ျဖစ္ပါတယ္။ ဒီၾကားထဲမွာေပါ့ BOT ကုမၸဏီေတြကို ကၽြန္ေတာ္အႀကံျပဳထားပါတယ္။ တိုးဂိတ္ဧရိယာထဲမွာေပါ့။ ပလက္ေဖာင္းေသခ်ာလုပ္ထားၿပီး ျဖဴ၊ နီၾကားေရးဆြဲထားဖို႔။ ျဖူ၊ နီၾကားမွာယာဥ္မရပ္ရပါဘူး။ ယာဥ္ရပ္ၿပီး ကုန္ခ်တယ္၊ ကုန္တင္တယ္ဆိုရင္ေတာ့ ၿမိဳ႕နယ္လမ္းဦးစီးဌာနကို သတင္းပို႔ပါ။ ဌာနက သက္ဆိုင္ရာယာဥ္ထိန္းရဲတပ္ဖြဲ႕၊ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕တို႔နဲ႔ ညိႇႏိႈင္းၿပီးေတာ့ တည္ဆဲဥပေဒေတြအရ အေရးယူေဆာင္ရြက္သြားမွာ ျဖစ္ပါတယ္။ ဒီဟာေတြက လမ္းရဲ႕အဂၤါရုပ္ကိုထိခိုက္ေစသလို ယာဥ္မရပ္ရတဲ့ေနရာမွာ ယာဥ္ေတြရပ္တဲ့အတြက္ လမ္းကလည္းသက္မွတ္ကာလထက္ေစာၿပီး ပ်က္စီးဖို႔ အားသာပါတယ္”ဟု ေတာင္ႀကီးခ႐ိုင္လမ္းဦးစီးဌာန လက္ေထာက္ညႊန္ၾကားေရးမွဴး (ၿမိဳ႕ျပ) ဦးမ်ိဳးလြင္က ေျပာသည္။

အေ၀းေျပးလမ္းမႀကီးမ်ားကို B.O.T လုပ္ကိုင္ခြင့္ရသည့္ ကုမၸဏီမ်ားက လမ္းပိုင္းျပဳျပင္ထိန္းသိမ္းျခင္းနွင့္ လမ္းအသံုးျပဳခေကာက္ခံျခင္းမ်ားကို လုပ္ေဆာင္ေနျခင္းျဖစ္ၿပီး လမ္းမ်ားသက္မွတ္ကာလမတိုင္မီ မပ်က္စီးေစေရးအတြက္ ထုတ္ျပန္ထားသည့္ တန္ခ်ိန္သတ္မွတ္ခ်က္မ်ားထက္ ေက်ာ္လြန္သယ္ေဆာင္ျခင္းမ်ားကို အေရးယူရန္ သက္ဆုိင္ရာဌာနမ်ားက ေဆာင္ရြက္ေနျခင္းျဖစ္သည္။

သတင္း - ဟန္စိုးထုိက္


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အတွင်းရှိ တိုးဂိတ်ဧရိယာများတွင် ဖြူနီကျားမျဉ်းများရေးဆွဲသွားရန် တင်ပြထားပြီး တိုးဂိတ်ဧရိယာအနီးတွင် ယာဉ်ငယ်များဖြင့် ကုန်ကိုလျှော့ချတင်ဆောင်မှုများ ပြုလုပ်နေသည့် ကုန်ပိုတင်သည့် မော်တော်ယာဉ်များကို အရေးယူရန်ဆောင်ရွက်နေကြောင်း သိရသည်။

လမ်းအသုံးပြုခကောက်ခံသည့် တိုးဂိတ်ဖြတ်ကျော်ကာနီးတွင် ယာဉ်ငယ်များဖြင့် ကုန်ကိုလျှော့ချခြင်းများ လုပ်ဆောင်ကြသဖြင့် လမ်းညစ်ညမ်းမှုနှင့် လမ်းပျက်စီးမှုများဖြစ်ပေါ်နေကြောင်း သိရသည်။

"ဒီဘက်မှာဆိုရင် ကျောက်မီးသွေးပေါ့။ ကလောဘက်မှာဆိုရင် ဘိလပ်မြေစက်ရုံက ထွက်တဲ့ အမှုန့်တွေပေါ့။ ဒါတွေကိုသယ်လာတယ်ပေါ့။ တိုးဂိတ်မရောက်ခင်မှာ ဝိတ်လျော့တဲ့အနေနဲ့ ထော်လာဂျီတွေ၊ ဒိုင်နာကား၊ ကင်တာကားတွေနဲ့ ကဲ့ပြီးတော့ သယ်နကြေတယ်ပေါ့"ဟု တောင်ကြီးခရိုင်လမ်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ) ဦးမျိုးလွင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မကြာမီပြဌာန်းတော့မည့် ရှမ်းပြည်နယ် လမ်းတံတားဥပဒေတွင် အဆိုပါကိစ္စနှင့်ပတ်သက်၍ ပြစ်မှု၊ ပြစ်ဒဏ်များပါ ထည့်သွင်းထားကြောင်း သိရသည်။

“ ဒီဥပဒေ ထွက်လာရင်တော့ ထိထိရောက်ရောက်ကိုင်တွယ်နိုင်တော့မှာ ဖြစ်ပါတယ်။ ဒီကြားထဲမှာပေါ့ BOT ကုမ္ပဏီတွေကို ကျွန်တော်အကြံပြုထားပါတယ်။ တိုးဂိတ်ဧရိယာထဲမှာပေါ့။ ပလက်ဖောင်းသေချာလုပ်ထားပြီး ဖြူ၊ နီကြားရေးဆွဲထားဖို့။ ဖြူ၊ နီကြားမှာယာဉ်မရပ်ရပါဘူး။ ယာဉ်ရပ်ပြီး ကုန်ချတယ်၊ ကုန်တင်တယ်ဆိုရင်တော့ မြို့နယ်လမ်းဦးစီးဌာနကို သတင်းပို့ပါ။ ဌာနက သက်ဆိုင်ရာယာဉ်ထိန်းရဲတပ်ဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့နဲ့ ညှိနှိုင်းပြီးတော့ တည်ဆဲဥပဒေတွေအရ အရေးယူဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒီဟာတွေက လမ်းရဲ့အင်္ဂါရုပ်ကိုထိခိုက်စေသလို ယာဉ်မရပ်ရတဲ့နေရာမှာ ယာဉ်တွေရပ်တဲ့အတွက် လမ်းကလည်းသက်မှတ်ကာလထက်စောပြီး ပျက်စီးဖို့ အားသာပါတယ်”ဟု တောင်ကြီးခရိုင်လမ်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ) ဦးမျိုးလွင်က ပြောသည်။

အေဝးပြေးလမ်းမကြီးများကို B.O.T လုပ်ကိုင်ခွင့်ရသည့် ကုမ္ပဏီများက လမ်းပိုင်းပြုပြင်ထိန်းသိမ်းခြင်းနှင့် လမ်းအသုံးပြုခကောက်ခံခြင်းများကို လုပ်ဆောင်နခြေင်းဖြစ်ပြီး လမ်းများသက်မှတ်ကာလမတိုင်မီ မပျက်စီးစေရေးအတွက် ထုတ်ပြန်ထားသည့် တန်ချိန်သတ်မှတ်ချက်များထက် ကျော်လွန်သယ်ဆောင်ခြင်းများကို အရေးယူရန် သက်ဆိုင်ရာဌာနများက ဆောင်ရွက်နခြေင်းဖြစ်သည်။

သတင်း - ဟန်စိုးထိုက်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net