ညောင်ရွှေမြို့မဈေးအတွင်းရှိ ဆိုင်ခန်း(၃)ခန်းကို  ကြမ်းခင်းဈေး ကျပ်သိန်း(၉၀၀)ဖြင့် လေလံတင်

ညောင်ရွှေမြို့မဈေးအတွင်းရှိ ဆိုင်ခန်း(၃)ခန်းကို  ကြမ်းခင်းဈေး ကျပ်သိန်း(၉၀၀)ဖြင့် လေလံတင်
နိုဝင်ဘာ 3, 2021 | ရှမ်းတောင်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်စည်ပင်သာယာရေးဌာနက မြို့မ(မင်္ဂလာ)ဈေးအတွင်းရှိ ဆိုင်ခန်း (၃)ခန်းအား ကြမ်းခင်းဈေး စုစုပေါင်း ကျပ်သိန်းပေါင်း (၉၀၀)ဖြင့် ၂၀၂၁ခုနှစ် နိုဝင်ဘာလ(၁၁)ရက်နေ့တွင် လေလံတင်ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့မ(မင်္ဂလာ)ဈေးအတွင်းရှိ အမှတ်(ဂ) ၃၊ (ဂ) ၄ နှင့် (ဂ) ၅ စသည့် ဆိုင်ခန်းများအား တစ်ခန်းလျှင် ကျပ်သိန်း(၃၀၀)ဖြင့်  ကြမ်းခင်းဈေးသတ်မှတ်ထားခြင်း ဖြစ်သည်။

လေလံဝင်ရောက်ဆွဲလိုသူများအနေဖြင့် လျှောက်လွှာများကို ညောင်ရွှေမြို့နယ်စည်ပင်သာယာရေးဌာနတွင် ဝယ်ယူနိုင်ပြီး နိုဝင်ဘာလ(၉)ရက်နေ့ ညနေ(၄)နာရီနောက်ဆုံးထားက တင်သွင်းနိုင်မည်ဖြစ်ကြောင်းလည်း အသိပေးထားရှိသည်။