တာချီလိတ်မှတဆင့် ထိုင်းနိုင်ငံဘက်တွင် ကျောင်းတက်ရန် ရေချောင်းက သွားသူများကို ဖမ်းဆီးအရေးယူနေ၍ မသွားကြရန် မေတ္တာရပ်ခံ

တာချီလိတ်မှတဆင့် ထိုင်းနိုင်ငံဘက်တွင် ကျောင်းတက်ရန် ရေချောင်းက သွားသူများကို ဖမ်းဆီးအရေးယူနေ၍ မသွားကြရန် မေတ္တာရပ်ခံ
ဇူလိုင် 3, 2020
By Tachileik News Agency
တာချီလိတ်မှတဆင့် ထိုင်းနိုင်ငံဘက်တွင် ကျောင်းတက်ရန် ရေချောင်းက သွားသူများကို ဖမ်းဆီးအရေးယူနေ၍ မသွားကြရန် မေတ္တာရပ်ခံ 

တာချီလိတ်မှ တဆင့် မယ်ဆိုင်သို့ ထိုင်းကျောင်းတက်ရန် တရားမဝင် နယ်စပ်ချောင်းမှ ပွဲစားများအား အခကြေးငွေပေး၍ သွားနေသူများအား ထိုင်းဘက်က ဖမ်းဆီးအရေးယူပြီး တာချီလိတ်သို့ လွှဲပြောင်းပေးလာ မှုများရှိနေသည့်အတွက် မယ်ဆိုင်ချောင်းမှတဆင့် တရားမဝင် သွားရောက်ခြင်းများ မပြုလုပ်ရန် အုပ်ချုပ်ရေးပိုင်းက မေတ္တာရပ်ခံထားရှိသည်။

တာချီလိတ်မှ မယ်ဆိုင်ဘက်သို့ တရားဝင်သွားရောက်ကာ ထိုင်းကျောင်းသွားတက်လိုသူများ၏ စာရင်းများကို ဇူလိုင်လ(၅)ရက်နေ့အထိ တာချီလိတ်ခရိုင်/မြို့နယ်စုပေါင်းရုံးတွင် စာရင်းကောက်ခံနေသည့်အတွက် ကျောင်းသားမိဘများအနေဖြင့် လာရောက်စာရင်းပေးသွင်းနိုင်မည်ဖြစ်ကြောင်း အသိပေးထားရှိသည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~