ဒီးမော့ဆိုမြို့တွင် PDF နှင့် စစ်ကောင်စီတပ်တို့၏ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က သေဆုံးသည့် အလောင်းများကို လာမယူ၍ PDF က မီးရှို့ပေး

ဒီးမော့ဆိုမြို့တွင် PDF နှင့် စစ်ကောင်စီတပ်တို့၏ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က သေဆုံးသည့် အလောင်းများကို လာမယူ၍ PDF က မီးရှို့ပေး
ဇွန် 2, 2021 | ကယား

ကယား(ကရင်နီ)ပြည်နယ် ၊ ဒီးမော့ဆိုမြို့ ကုန်သာကျေးရွာအနီး ကျောက်ဆည်ကန်နားတွင် မေလ (၃၁)ရက်နေ့က ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင်သေဆုံးခဲ့သော စစ်ကောင်စီတပ်ဖွဲ့၏ အလောင်းများကို လာမယူ၍ ယနေ့ ဇွန်လ (၂)ရက်နေ့တွင် PDF မှမီးရှို့သဂြိုလ်ပေးလိုက်ကြောင်းသိရသည်။ 

"သူတို့ ဖက်က သေတဲ့ အလောင်းတွေကို လာမကောက်ဘူး။ တစ်ချို့အလောင်းတွေက ပုပ်နေပြီ ဒါကြောင့် ကျွန်တော်တို့ မီးရှို့ပေးလိုက်တာ"ဟု PDF အဖွဲ့ဝင်တစ်ဦက တာချီလိတ်သတင်းအေဂျင်စီသို့  ပြောသည်။ 

ဒီးမော့ဆိုမြို့ ၊ ကုန်းသာကျေးရွာ အနီး ကျောက်ဆည်ကန် နားတွင် မေလ (၃၁)ရက်နေ့က ပြည်သူ့ကာကွယ်ရေးတပ်(PDF)နှင့် အကြမ်းဖက်စစ်ကောင်စီ တပ်များ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဖက်မှ သေဆုံးရုပ်အလောင်းများကို လာရောက်ယူဆောင်ခြင်းမရှိဘဲ ပစ်ထားသောကြောင့် PDF အဖွဲ့ဝင်များမှ ဇွန်လ (၂)ရက်နေ့တွင် မီးရှို့ပေးလိုက်ကြခြင်း  ဖြစ်သည်။

မေလ(၃၁)ရက်နေ့က နာရီပေါင်းများစွာကြာဖြစ်ပွားခဲ့သော တိုက်ပွဲတွင် အာဏာသိမ်းစစ်ကောင်စီဖက်မှ (၈၀)ဦးခန့်သေဆုံးခဲ့ပြီး  လက်နက်ကြီး (၆၀)မမ တစ်လက် နှင့် လက်နက်ငယ် အလက်(၂၀)ဝန်းကျင်ကို  သိမ်းဆည်းရရှိခဲ့ကြောင်းနှင့် PDF ဖက်မှ တပ်သားတစ်ဦးနှင့် ကျေးရွာသားတစ်ဦး ကျဆုံးခဲ့ရ​ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်   KNDF က သတင်းထုတ်ပြန်ထားသည်။



Photo: CJ