ဖရူဆို - ဒီးမော့ဆို လမ်းမကြီးပေါ် (၁၆)ရက်အတွင်း Sniper အထူးအဖွဲ့နှင့် ပူးပေါင်းတပ်ဖွဲ့တို့က စစ်ကောင်စီတပ်သား (၆၀)ကျော်ကို ပစ်ခတ် ရှင်းလင်းနိုင်ခဲ့

ဖရူဆို - ဒီးမော့ဆို လမ်းမကြီးပေါ် (၁၆)ရက်အတွင်း Sniper အထူးအဖွဲ့နှင့် ပူးပေါင်းတပ်ဖွဲ့တို့က စစ်ကောင်စီတပ်သား (၆၀)ကျော်ကို ပစ်ခတ် ရှင်းလင်းနိုင်ခဲ့
စက်တင်ဘာ 2, 2022 | ကယား

ကရင်နီ(ကယား)ပြည်နယ်၊ ဖရူဆို - ဒီးမော့ဆို လမ်းမကြီးပေါ်  စစ်ကြောင်းထိုးလာသည့် အာဏာသိမ်းစစ်ကောင်စီတပ်သားများကို (၁၆)ရက်အတွင်း စနိုက်ပါ (၈)ဦး၊ အရာရှိတစ်ဦးအပါအဝင် (၆၀)ဦးကျော် ပစ်ခတ်ရှင်းလင်းနိုင်ခဲ့ကြောင်း အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးအဖွဲ့က ယနေ့ ၂၀၂၂ခုနှစ် စက်တင်ဘာလ (၂)ရက်နေ့တွင် သတင်းထုတ်ပြန်လာသည်။

ဩဂုတ်လ (၁၆)ရက်နေ့က ပူးပေါင်းအဖွဲ့၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား Sinper တစ်ဦးအပါ (၃)ဦးသေပြီး ဩဂုတ်လ (၁၈)ရက်နေ့တွင် စစ်ကောင်စီတပ်သား (၂)ဦး၊  ဩဂုတ်လ (၁၉)ရက်နေ့တွင်   ပူးပေါင်း Sinper အဖွဲ့၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ကင်းပုန်းတဖွဲ့လုံး (၆)ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ဩဂုတ်လ (၂၀)ရက်နေ့တွင် ပူးပေါင်း Sniper အဖွဲ့၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား (၆)ဦး၊ ဩဂုတ်လ (၂၁)ရက်နေ့တွင် ပူးပေါင်းတပ်ဖွဲ့မှ Sniper ၊ ( 79 ) ၄၀ မမ ဗုံးသီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က စက်ကလေးပစ်သူတစ်ဦးအပါအဝင်( ၁၁ )ဦးသေခဲ့ကြောင်း သိရသည်။

ဩဂုတ်လ(၂၂)ရက်နေ့တွင် ပူးပေါင်း Sniper အဖွဲ့၏ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း‌ကြောင့် စစ်ကောင်စီတပ်မှ Sniper တစ်ဦး အပါအဝင် (၈)ဦးသေဆုံးခဲ့ကာ ဩဂုတ်လ(၂၃)ရက်နေ့တွင် ပူးပေါင်း Sniper အဖွဲ့၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား (၃)ဦးသေခဲ့ကြောင်း သိရသည်။

ဩဂုတ်လ(၂၄)ရက်တွင် ပူးပေါင်း Sniper အဖွဲ့၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီ၏ Sniper နှစ်ဦးအပါအဝင် (၆)ဦးသေပြီး ဩဂုတ်လ (၂၅)ရက်နေ့တွင် Sniper အဖွဲ့၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား  (၆)ဦး ထပ်သေခဲ့ကြောင်း သိရသည်။

ဩဂုတ်လ(၂၆)ရက်နေ့တွင်  ပူးပေါင်း Sniper အဖွဲ့၏ ပစ်ခတ်မှုကြောင့် တောင်ပေါ်တွင် ရေချိုးနေသည့် အရာရှိ (၁)ဦးသေပြီး ဩဂုတ်လ (၂၇)ရက်နေ့တွင် ပူးပေါင်း Sniper အဖွဲ၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား (၁)ဦး ထပ်မံသေကြောင်း သိရသည်။

ဩဂုတ်လ (၂၈)ရက်နေ့တွင် ပူးပေါင်း Sniper အဖွဲ့၏ ပစ်ခတ်တိုက် ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား (၆)ဦးသေပြီး ဩဂုတ်လ (၃၀)ရက်နေ့တွင် ပူးပေါင်း Sniper အဖွဲ့၏ ပစ်ခတ်မှုကြောင့် စစ်ကောင်စီ၏ Sniper  (၁)ဦးသေကာ ဩဂုတ်လ (၃၁)ရက်တွင် ပူးပေါင်း Sniper အဖွဲ့၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီ၏ Sniper  ( ၁ )ဦးထပ်မံသေဆုံးသွားကြောင်း သိရသည်။

အဆိုပါ စစ်ကောင်စီတပ်သား (၆၁)ဦးကို ၂၀၂၂ခုနှစ် ဩဂုတ်လ (၁၆)ရက်နေ့မှ (၃၁)ရက်နေ့အထိ (၁၆)ရက်အတွင်း Sniper အထူးအဖွဲ့များဖြစ်သည့် အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေး Sniper အဖွဲ့၊ KNDF Sinper  နှင့် အလယ်ပိုင်းတိုင်း ၁၁၀၁ တပ်ဖွဲ့ ၊  ကရင်နီတပ်မတော်(KA) တပ်ဖွဲ့များမှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။