ဖရူဆိုမြို့နယ် မားခရော်ရှေ့ကျေးရွာအုပ်စုအတွင်း စစ်ဘေးရှောင်ပြည်သူ (၁၃၀၀)ကျော်အတွက် စားနပ်ရိက္ခာနှင့်ဆေးဝါး အကူအညီများ လိုအပ်နေ

ဖရူဆိုမြို့နယ် မားခရော်ရှေ့ကျေးရွာအုပ်စုအတွင်း စစ်ဘေးရှောင်ပြည်သူ (၁၃၀၀)ကျော်အတွက် စားနပ်ရိက္ခာနှင့်ဆေးဝါး အကူအညီများ လိုအပ်နေ
အောက်တိုဘာ 16, 2021 | ကယား
By Tachileik News Agency

ကယား(ကရင်နီ)ပြည်နယ်၊ ဖရူဆိုမြို့နယ်အတွင်း မားခရော်ရှေ့ကျေးရွာအုပ်စုတွင် အာဏာသိမ်းစစ်တပ်၏ စစ်ကြောင်းများနှင့်ထိတွေ့တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေသည့်အတွက် တိုက်ပွဲရှောင်ပြည်သူ (၁၃၅၀)ဦးအထိ ရှိနေခြင်းကြောင့်စားနှပ်ရိက္ခာနှင့်ဆေးဝါး အကူအညီများ လိုအပ်နေကြောင်း သိရသည်။

မားခရော်ရှေ့ကျေးရွာအုပ်စုအတွင်းမှ စစ်ဘေးရှောင်နေရသည့် ပြည်သူများမှာ ဒေါပိုရှေ့ကျေးရွာ မှ (၂၃၀)ဦး၊ ပရယ်တော်ကျေးရွာ မှ (၂၃၀)ဦး၊ ထားလဲကျေးရွာမှ (၄၅၀)ဦး၊ တနောကလောကျေးရွာမှ (၁၆၀)ဦး၊ လောကျခူ၊ ဒေါကလော်လဲနှင့်ဒေါစဲကျေးရွာများမှ (၁၅၀)ဦး၊ ဘူးခူကျေးရွာမှ (၁၃၀)ဦး စုစုပေါင်း (၁၃၅၀)ဦးရှိနေကြောင်း သိရသည်။

စစ်ဘေးရှောင်များအတွက် လတ်တလောတွင် စားနပ်ရိက္ခာများ၊ ဆေးဝါးများ နှင့် တဲထိုးရန် မိုးကာများ အရေးပေါ်လိုအပ်နေလျက်ရှိကြောင်း သိရသည်။

အဆိုပါ စစ်ဘေးရှောင်များအတွက် တတ်နိုင်သည့်ဘက်က လှူဒါန်းပေးနိုင်သူများအနေဖြင့် Facebook ( https://web.facebook.com/profile.php?id=100011012355511 )ကနေ တဆင့်  Message တွင် ဆက်သွယ်ပြီး လှူဒါန်းပေးနိုင်ကြောင်း သိရသည်။