မယ္ဆိုင္ၿမိဳ႕တြင္ ဧၿပီလမွစ၍ မၾကာခဏဆီးစစ္မႈမ်ားလုပ္ေဆာင္ေနၿပီး ျမန္မာအမ်ားစု စစ္ေဆးခံေနရ

မယ္ဆိုင္ၿမိဳ႕တြင္ ဧၿပီလမွစ၍ မၾကာခဏဆီးစစ္မႈမ်ားလုပ္ေဆာင္ေနၿပီး ျမန္မာအမ်ားစု စစ္ေဆးခံေနရ
မေ 2, 2019
By 🌸
သႀကၤန္ပိတ္ရက္ကာလေနရပ္ျပန္ ေရႊ႕ေျပာင္းျမန္မာလုပ္သားမ်ား  ျပန္လည္ဝင္ေရာက္ေနသည့္ ၂၀၁၉ ခုႏွစ္၊ ဧၿပီလမွစ၍ ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ႏွင့္နယ္စပ္ ထုိင္းႏုိင္ငံ မယ္ဆိုင္ၿမိဳ႕တြင္ မူးယစ္ေဆးသံုးစြဲမႈရိွ၊ မရိွ ဆီးစစ္ေဆးမႈ အႀကိမ္ေရစိပ္စိပ္ေဆာင္ရြက္လာေနေၾကာင္း သိရသည္။

“ မၾကာခဏ စစ္ေဆးတာေတြလုပ္လာတယ္။ အမ်ားဆံုးေတြ႔ရတာက မယ္ဆုိင္  က်င္းဆဲန္လမ္းဆံုမီးပြိဳင့္နားက ဓါတ္ဆီဆိုင္မွာ စစ္တယ္။ အဲဒီမွာ အိမ္သာရိွေတာ့ ေနာက္ပိုင္းမွာ အဲဒီနားမွာပဲ အမ်ားဆံုးစစ္တာ။ ေနာက္ မယ္ဆုိင္ အေဝးေျပးကားႀကီးကြင္းမွာ ကားေပၚတက္ခါနီးစစ္တယ္။ အမ်ားစုက ျမန္မာေတြ အစစ္ခံရတာမ်ားတယ္။ သူတို႔က မသကၤာရင္ေခၚစစ္တယ္”ဟု တာခ်ီလိတ္ခရိုင္အုပ္ခ်ဳပ္ေရးမွဴးရံုးမွ ျမန္မာ - ထုိင္းဆက္ဆံေရးတာဝန္ခံ ဦးထြန္း(မယ္ဆုိင္)က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ျမန္မာႏုိင္ငံ၏ဥပေဒအရ မူးယစ္ေဆးဝါးမႈျဖင့္ ဖမ္းဆီးခံရသူကိုသာ မူးယစ္ေဆးသံုးစြဲထားျခင္းရိွ၊မရိွ ဆီးစစ္ျခင္းကို လုပ္ေဆာင္ေသာလည္း ထိုင္းႏုိင္ငံ၏ ဥပေဒအရ မူးယစ္ေဆးသံုးစြဲသည္ဟု သံသယရိွပါက မည္သူကိုမဆို ထုိင္းရဲတပ္ဖြဲ႕က ဆီးစစ္ေဆးႏုိင္ျခင္းျဖစ္သည္။

“ဆီးစစ္ၿပီဆိုရင္ ကၽြန္ေတာ္တုိ႔ ျမန္မာေတြကလည္း မိတာပဲ။ ကၽြန္ေတာ္တုိ႔လည္း သြားကူညီဆိုရင္ တစ္ေန႔ကို သံုးေလးေယာက္ေလာက္ကူေပးေနရတယ္။ တစ္ခ်ိဳ႕လည္း ကိုယ့္နည္းကိုယ့္ဟန္နဲ႔ ညိႇႏိႈင္းၿပီး အဆင္ေျပၾကတာေပါ့။ ဆီးစစ္ေငြညွစ္တယ္ဆိုတာ အဲဒီလိုေတြျဖစ္တာေပါ့။ သူတုိ႔ ဆီးစစ္တဲ့ကိရိယာက မူးယစ္ေဆးသံုးထားရင္ တန္းေပၚတယ္။ မူးယစ္ေဆးသံုးထားေၾကာင္းေပၚၿပီဆိုရင္ ဥပေဒအတုိင္း ဆက္သြားမလား အဲဒီမွာတင္ ႏွစ္ေသာင္းေပး၊ သံုးေသာင္းေပးေတာင္းတယ္။ ေနာက္ဆံုးက်ေတာ့ အခ်ိန္ၾကန္႔ၾကာမႈမရိွခ်င္တဲ့လူေတြက ပါသေလာက္နဲ႔ ညိွၾကတယ္။ ဥပေဒအတုိင္း သြားမယ္ဆုိရင္လည္း ဒီဘက္ကလူေတြမွာ နစ္နာတယ္။ အလုပ္အကိုင္ပ်က္မယ္။ အလုပ္သမားဆိုလည္း အလုပ္ပ်က္မယ္ဆိုေတာ့ ပါသေလာက္နဲ႔ ညိႇၾကေတာ့တာေပါ့။ အဲဒီေတာ့ ကိုယ့္ႏုိင္ငံသားေတြအေနနဲ႔ ေဆးသံုးစြဲၿပီး မသြားဖို႔ပဲ။ ဒီကိစၥက သူ႔ႏုိင္ငံဥပေဒအရျဖစ္ေနေတာ့ မလုပ္ပါနဲ႔ေတာ့ သြားေျပာလုိ႔မရဘူး”ဟု ဦးထြန္း(မယ္ဆုိင္)ကေျပာသည္။

ထိုင္းႏိုင္ငံ ဥပေဒအရ စစ္ေဆးေဆာင္ရြက္မႈ ျဖစ္ေသာ္လည္း ႏိုင္ငံတကာ ဥပေဒႏွင့္ လူ႕အခြင့္အေရး စံခ်ိန္စံညႊန္းအရ ကိုက္ညီမႈမရွိျခင္း ၊ ႏွစ္ႏိုင္ငံျပည္သူမ်ား ကူးသန္းသြားလာမႈအေပၚ အဟန္႔အတားျဖစ္ေစျခင္း၊ မလိုလားအပ္ေသာ အဂတိလုိက္စားမႈမ်ားရိွေနျခင္းတုိ႔ေၾကာင့္  ဆီးစစ္ေဆးျခင္းကိစၥႏွင့္ပတ္သက္၍ ႏွစ္ႏုိင္ငံ TBC အစည္းအေဝးမ်ားတြင္ ျမန္မာဘက္မွ မၾကာခဏေဆြးေႏြးေလ့ရိွသည္ကို ေတြ႔ရသည္။

Tachileik News Agency

~~~~~~~~⊰❂ Unicode Version ~~~~~~~~
မယ်ဆိုင်မြို့တွင် ဧပြီလမှစ၍ မကြာခဏဆီးစစ်မှုများလုပ်ဆောင်နေပြီး မြန်မာအများစု စစ်ဆေးခံနေရ
************
သင်္ကြန်ပိတ်ရက်ကာလနေရပ်ပြန် ရွှေ့ပြောင်းမြန်မာလုပ်သားများ  ပြန်လည်ဝင်ရောက်နေသည့် ၂၀၁၉ ခုနှစ်၊ ဧပြီလမှစ၍ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်နှင့်နယ်စပ် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တွင် မူးယစ်ဆေးသုံးစွဲမှုရှိ၊ မရှိ ဆီးစစ်ဆေးမှု အကြိမ်ရေစိပ်စိပ်ဆောင်ရွက်လာနေကြောင်း သိရသည်။

“ မကြာခဏ စစ်ဆေးတာတွေလုပ်လာတယ်။ အများဆုံးတွေ့ရတာက မယ်ဆိုင်  ကျင်းဆဲန်လမ်းဆုံမီးပွိုင့်နားက ဓါတ်ဆီဆိုင်မှာ စစ်တယ်။ အဲဒီမှာ အိမ်သာရှိတော့ နောက်ပိုင်းမှာ အဲဒီနားမှာပဲ အများဆုံးစစ်တာ။ နောက် မယ်ဆိုင် အဝေးပြေးကားကြီးကွင်းမှာ ကားပေါ်တက်ခါနီးစစ်တယ်။ အများစုက မြန်မာတွေ အစစ်ခံရတာများတယ်။ သူတို့က မသင်္ကာရင်ခေါ်စစ်တယ်”ဟု တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူးရုံးမှ မြန်မာ - ထိုင်းဆက်ဆံရေးတာဝန်ခံ ဦးထွန်း(မယ်ဆိုင်)က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မြန်မာနိုင်ငံ၏ဥပဒေအရ မူးယစ်ဆေးဝါးမှုဖြင့် ဖမ်းဆီးခံရသူကိုသာ မူးယစ်ဆေးသုံးစွဲထားခြင်းရှိ၊မရှိ ဆီးစစ်ခြင်းကို လုပ်ဆောင်သောလည်း ထိုင်းနိုင်ငံ၏ ဥပဒေအရ မူးယစ်ဆေးသုံးစွဲသည်ဟု သံသယရှိပါက မည်သူကိုမဆို ထိုင်းရဲတပ်ဖွဲ့က ဆီးစစ်ဆေးနိုင်ခြင်းဖြစ်သည်။

“ဆီးစစ်ပြီဆိုရင် ကျွန်တော်တို့ မြန်မာတွေကလည်း မိတာပဲ။ ကျွန်တော်တို့လည်း သွားကူညီဆိုရင် တစ်နေ့ကို သုံးလေးယောက်လောက်ကူပေးနေရတယ်။ တစ်ချို့လည်း ကိုယ့်နည်းကိုယ့်ဟန်နဲ့ ညှိနှိုင်းပြီး အဆင်ပြေကြတာပေါ့။ ဆီးစစ်ငွေညှစ်တယ်ဆိုတာ အဲဒီလိုတွေဖြစ်တာပေါ့။ သူတို့ ဆီးစစ်တဲ့ကိရိယာက မူးယစ်ဆေးသုံးထားရင် တန်းပေါ်တယ်။ မူးယစ်ဆေးသုံးထားကြောင်းပေါ်ပြီဆိုရင် ဥပဒေအတိုင်း ဆက်သွားမလား အဲဒီမှာတင် နှစ်သောင်းပေး၊ သုံးသောင်းပေးတောင်းတယ်။ နောက်ဆုံးကျတော့ အချိန်ကြန့်ကြာမှုမရှိချင်တဲ့လူတွေက ပါသလောက်နဲ့ ညှိကြတယ်။ ဥပဒေအတိုင်း သွားမယ်ဆိုရင်လည်း ဒီဘက်ကလူတွေမှာ နစ်နာတယ်။ အလုပ်အကိုင်ပျက်မယ်။ အလုပ်သမားဆိုလည်း အလုပ်ပျက်မယ်ဆိုတော့ ပါသလောက်နဲ့ ညှိကြတော့တာပေါ့။ အဲဒီတော့ ကိုယ့်နိုင်ငံသားတွေအနေနဲ့ ဆေးသုံးစွဲပြီး မသွားဖို့ပဲ။ ဒီကိစ္စက သူ့နိုင်ငံဥပဒေအရဖြစ်နေတော့ မလုပ်ပါနဲ့တော့ သွားပြောလို့မရဘူး”ဟု ဦးထွန်း(မယ်ဆိုင်)ကပြောသည်။

ထိုင်းနိုင်ငံ ဥပဒေအရ စစ်ဆေးဆောင်ရွက်မှု ဖြစ်သော်လည်း နိုင်ငံတကာ ဥပဒေနှင့် လူ့အခွင့်အရေး စံချိန်စံညွှန်းအရ ကိုက်ညီမှုမရှိခြင်း ၊ နှစ်နိုင်ငံပြည်သူများ ကူးသန်းသွားလာမှုအပေါ် အဟန့်အတားဖြစ်စေခြင်း၊ မလိုလားအပ်သော အဂတိလိုက်စားမှုများရှိနေခြင်းတို့ကြောင့်  ဆီးစစ်ဆေးခြင်းကိစ္စနှင့်ပတ်သက်၍ နှစ်နိုင်ငံ TBC အစည်းအဝေးများတွင် မြန်မာဘက်မှ မကြာခဏဆွေးနွေးလေ့ရှိသည်ကို တွေ့ရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net