"ဝ"အထူးေဒသ ( ၂ ) မန္မန္ဆိုင္ၿမိဳ႕တြင္ လူ (၇)ဦးကို ဓါးျဖင့္ခုတ္၍ ထြက္ေျပးသူအား လူ(၉)ဦးမွ ၀ိုင္း၀န္းဖမ္းဆီး ရိုက္ႏွက္၍ လူ႔အခြင့္အေရးခ်ဳိးေဖာက္မႈ ႏွင့္ မတရားညႇဥ္းပန္းႏွိပ္စက္မႈျဖင့္ အေရးယူရန္ ေဆာင္ရြက္ေန

"ဝ"အထူးေဒသ ( ၂ ) မန္မန္ဆိုင္ၿမိဳ႕တြင္ လူ (၇)ဦးကို ဓါးျဖင့္ခုတ္၍ ထြက္ေျပးသူအား လူ(၉)ဦးမွ ၀ိုင္း၀န္းဖမ္းဆီး ရိုက္ႏွက္၍ လူ႔အခြင့္အေရးခ်ဳိးေဖာက္မႈ ႏွင့္ မတရားညႇဥ္းပန္းႏွိပ္စက္မႈျဖင့္ အေရးယူရန္ ေဆာင္ရြက္ေန
ဇွန် 20, 2018
By Tachileik News Agency
"ဝ" ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရ "ဝ"အထူးေဒသ ( ၂ )UWSA ထိန္းခ်ဳပ္နယ္ေျမရွိ မန္မန္ဆိုင္ၿမိဳ႕ သတၱဳတြင္းတြင္ ၂၀၁၈ ခုႏွစ္ ဇြန္လ (၁၀)ရက္ေန႔က လူ(၇)ေယာက္ကို ဓါးျဖင့္ခုတ္၍ ထြက္ေျပးသူကို ဝိုင္းဝန္းဖမ္းဆီး ရိုက္ႏွက္ခဲ့ၾကသည့္ အမ်ိဳးသား (၇)ဦးႏွင့္ အမ်ိဳးသမီး (၂)ဦးကို အေရးယူသြားမည္ျဖစ္ေၾကာင္း သိရသည္။

“ကၽြန္ေတာ္တုိ႔ “ဝ”ျပည္နယ္(ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ အား “ဝ”ျပည္နယ္ဟု “ဝ”တိုင္းရင္းသားမ်ားက သံုးႏႈန္း) မန္လင္းခရိုင္မွာ ဖမ္းထားတာျဖစ္ပါတယ္။ ကၽြန္ေတာ္တုိ႔ “ဝ”ျပည္နယ္ရဲ႕ တည္ဆဲဥပေဒအရ အေရးယူဖို႔ရိွပါတယ္။ အလုပ္ၾကမ္းနဲ႔ ေထာင္ဒဏ္ေတြက်ဖို႔ ရိွပါတယ္။ ဘယ္ေလာက္က်ခံရမယ္ဆိုတာေတာ့ သူတို႔ရဲ႕ ျပစ္မႈဘယ္ေလာက္က်ဴးလြန္သလဲဆိုတာအေပၚ မူတည္ပါတယ္”ဟု UWSA လားရိႈးဆက္ဆံေရးရံုး တာဝန္ခံ ဦးညီရန္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

မန္မန္ဆိုင္ၿမိဳ႕ သတၱဳတြင္းတြင္ မူးယစ္ေဆးေၾကာင္ေနသည့္ အမ်ိဳးသား တစ္ဦးက ပတ္ဝန္းက်င္ရွိလူ (၇) ဦးအား ဓါးျဖင့္ခုတ္၍ ထြက္ေျပးသြား၍ ၎အား အခင္းျဖစ္ပြားရာ ပတ္ဝန္းက်င္ရွိ လူမ်ားက ရိုက္ႏွက္ဖမ္းဆီးကာ မန္လင္း(ဝိန္းေကာင္)ခရိုင္ရဲစခန္းသို႔ အပ္ႏံွခဲ့သျဖင့္ အဆိုပါ တရားခံအား အမႈစစ္ေဆးေနၿပီ ျဖစ္ေၾကာင္း သိရသည္။

အဆုိပါ တရားခံအား ဝိုင္းဝန္းညႇဥ္းပန္းရိုက္ႏွက္ခဲ့ၾကသည့္ အမ်ိဳးသား(၇)ဦးႏွင့္ အမ်ိဳးသမီး(၂)ဦးကိုလည္း လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈ၊ မတရားညႇဥ္းပန္းႏွိပ္စက္မႈတို႔ျဖင့္ ဖမ္းဆီးထားၿပီး ဥပေဒအရ စစ္ေဆး အေရးယူသြားမည္ျဖစ္ေၾကာင္း သိရသည္။

သတင္း - အင္မိုင္ခ
ဓါတ္ပံု - NR


~~~~~~~~⊰❂ unicode ~~~~~~~~

"ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ "ဝ"အထူးဒေသ ( ၂ )UWSA ထိန်းချုပ်နယ်မြေရှိ မန်မန်ဆိုင်မြို့ သတ္တုတွင်းတွင် ၂၀၁၈ ခုနှစ် ဇွန်လ (၁၀)ရက်နေ့က လူ(၇)ယောက်ကို ဓားဖြင့်ခုတ်၍ ထွက်ပြေးသူကို ဝိုင်းဝန်းဖမ်းဆီး ရိုက်နှက်ခဲ့ကြသည့် အမျိုးသား (၇)ဦးနှင့် အမျိုးသမီး (၂)ဦးကို အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ “ဝ”ပြည်နယ်(ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အား “ဝ”ပြည်နယ်ဟု “ဝ”တိုင်းရင်းသားများက သုံးနှုန်း) မန်လင်းခရိုင်မှာ ဖမ်းထားတာဖြစ်ပါတယ်။ ကျွန်တော်တို့ “ဝ”ပြည်နယ်ရဲ့ တည်ဆဲဥပဒေအရ အရေးယူဖို့ရှိပါတယ်။ အလုပ်ကြမ်းနဲ့ ထောင်ဒဏ်တွေကျဖို့ ရှိပါတယ်။ ဘယ်လောက်ကျခံရမယ်ဆိုတာတော့ သူတို့ရဲ့ ပြစ်မှုဘယ်လောက်ကျူးလွန်သလဲဆိုတာအပေါ် မူတည်ပါတယ်”ဟု UWSA လားရှိုးဆက်ဆံရေးရုံး တာဝန်ခံ ဦးညီရန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မန်မန်ဆိုင်မြို့ သတ္တုတွင်းတွင် မူးယစ်ဆေးကြောင်နေသည့် အမျိုးသား တစ်ဦးက ပတ်ဝန်းကျင်ရှိလူ (၇) ဦးအား ဓားဖြင့်ခုတ်၍ ထွက်ပြေးသွား၍၎င်းအား အခင်းဖြစ်ပွားရာ ပတ်ဝန်းကျင်ရှိ လူများက ရိုက်နှက်ဖမ်းဆီးကာ မန်လင်း(ဝိန်းကောင်)ခရိုင်ရဲစခန်းသို့ အပ်နှံခဲ့သဖြင့် အဆိုပါ တရားခံအား အမှုစစ်ဆေးနပြေီ ဖြစ်ကြောင်း သိရသည်။

အဆိုပါ တရားခံအား ဝိုင်းဝန်းညှဉ်းပန်းရိုက်နှက်ခဲ့ကြသည့် အမျိုးသား(၇)ဦးနှင့် အမျိုးသမီး(၂)ဦးကိုလည်း လူ့အခွင့်အရေးချိုးဖောက်မှု၊ မတရားညှဉ်းပန်းနှိပ်စက်မှုတို့ဖြင့် ဖမ်းဆီးထားပြီး ဥပဒေအရ စစ်ဆေး အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း - အင်မိုင်ခ
ဓာတ်ပုံ - NR

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~