တာချီလိတ်မြို့နယ်တွင်း ကျောင်းပေါင်း (၁၃၀)တွင် ကျောင်းသားအရေအတွက် (၂၆,၀၀၀)ကျော်ရှိသော်လည်း (၆)ရက်အတွင်း ကျောင်းလာအပ်သူ (၅,၀၀၀)ကျော်သာ ရှိ

တာချီလိတ်မြို့နယ်တွင်း ကျောင်းပေါင်း (၁၃၀)တွင် ကျောင်းသားအရေအတွက် (၂၆,၀၀၀)ကျော်ရှိသော်လည်း (၆)ရက်အတွင်း ကျောင်းလာအပ်သူ (၅,၀၀၀)ကျော်သာ ရှိ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်အတွင်း အခြေခံပညာကျောင်းပေါင်း (၁၃၀)တွင် ပြီးခဲ့သော စာသင်နှစ်များအရ ကျောင်းသားအရေအတွက် (၂၆,၀၀၀)ကျော်ရှိနေသော်လည်း (၆)ရက်အတွင်း ကျောင်းလာအပ်သည့် အရေအတွက်မှာ (၅,၀၀၀)ကျော်သာရှိပြီး တာချီလိတ်မြို့နယ်ပညာရေးမှူးရုံး၏ စာရင်းများအရ သိရသည်။

တာချီလိတ်မြို့နယ်အတွင်း အခြေခံပညာကျောင်းပေါင်း မူလတန်းအဆင့်တွင် (၃,၈၄၂)ဦး၊ အလယ်တန်းအဆင့်တွင် (၁,၀၆၃)ဦး နှင့် အထက်တန်းအဆင့်တွင် (၂၅၈)ဦး စုစုပေါင်း (၅,၁၆၃)ဦးသာ လာရောက် အပ်နှံကြောင်း သိရသည်။

၂၀၂၁ခုနှစ် မေလ(၂၄)ရက်နေ့မှ မေလ(၂၉)ရက်နေ့အထိ တာချီလိတ်မြို့နယ်ပညာရေးမှူးရုံး၏ စာရင်းများအရ ကျောင်းလုံးဝ လာမအပ်သည့် ကျောင်းမှာ (၃၀)ဝန်းကျင်ရှိနေပြီး ကျောင်းသားတစ်ဦးစီသာ လာအပ်သည့် ကျောင်းမှာ အနည်းဆုံး (၃)ကျောင်းအထက်ရှိနေသည်ကို တွေ့ရသည်။

တာချီလိတ်မြို့နယ်အတွင်းရှိ မြို့များမှာ တာချီလိတ်မြို့၊ တာလေမြို့ နှင့် ကျိုင်းလပ်မြို့တို့ဖြစ်ပြီး အခြေခံပညာကျောင်းများအနေဖြင့် ကျောင်းပေါင်း (၁၃၀)ရှိရာတွင် ပြီးခဲ့သော ၂၀၁၉-၂၀၂၀ ပညာသင်နှစ်က ကျောင်းလာရောက်အပ်နှံသည့် ကျောင်းသား ကျောင်းသူ အရေအတွက်မှာ စုစုပေါင်း (၂၆,၀၀၀)ကျော်ရှိပြီး၊ တာချီလိတ်မြို့၏ ပထမဦးဆုံးကျောင်းဖြစ်သည့် အထက(တာချီလိတ်)တွင် ကျောင်းသားကျောင်းသူ (၃,၀၀၀)ကျော်ရှိသော်လည်း ယခုမှာ (၂၅၀)ကျော်သာ လာရောက်အပ်နှံထားသေးကြောင်း သိရသည်။