ကေလးက ရဲထံဖုန္းဆက္တုိင္ၾကားသျဖင့္ ကေလးမ်ားကို ကားထဲထားခဲ့ၿပီးေစ်းဝယ္သည့္မိခင္ တရားရင္ဆုိင္ေနရ

ကေလးက ရဲထံဖုန္းဆက္တုိင္ၾကားသျဖင့္ ကေလးမ်ားကို ကားထဲထားခဲ့ၿပီးေစ်းဝယ္သည့္မိခင္ တရားရင္ဆုိင္ေနရ
မေ 14, 2019
By 🌸
ကေလးတစ္ဦးက ၎ႏွင့္ကေလး (၆)ဦး ကားထဲတြင္ က်န္ေနခဲ့ေၾကာင္း 911 ထံ ဖုန္းဆက္အေၾကာင္းၾကားလုိက္သျဖင့္ ကေလးမ်ားႏွင့္ေစ်းဝယ္ထြက္သည့္ မာရီလန္းမွ မိခင္တစ္ဦးမွာ ေထာင္ဒဏ္က်ခံရမည့္အေရးႏွင့္ ရင္ဆုိင္ေနရၿပီျဖစ္သည္။

ေမလ (၁၀)ရက္ေန႔ ေန႔လယ္ (၁)နာရီဝန္းက်င္တြင္ ကေလး၏ဖုန္းေခၚဆိုမႈကို လက္ခံရရိွခဲ့ျခင္းျဖစ္ၿပီး မာရီလန္း စိန္႔ခ်ားလ္စ္ေစ်းဝယ္စင္တာ ကားရပ္နားရာေနရာတြင္ အသက္ (၂)ႏွစ္မွ (၄)ႏွစ္အရြယ္ ကေလး (၇)ေယာက္ကို လူႀကီးမပါဘဲက်န္ေနခဲ့သည္ကို ေတြ႔ခဲ့ရျခင္းျဖစ္ေၾကာင္း သိရသည္။

မွန္ပိတ္ထားသည့္ ကားအတြင္းမွ ကေလးမ်ားကို အျပင္ထြက္ႏုိင္ရန္ မီးသတ္အဖြဲ႕အကူအညီျဖင့္ ထုတ္ယူခဲ့ၿပီး ကေလးမ်ားမွာ ကားအတြင္း မိနစ္ (၂၀)ခန္႔က်န္ေနခဲ့ျခင္းျဖစ္ကာ ေခၽြးမ်ားထြက္ကာ ေၾကာက္လန္႔ေနၾကေၾကာင္း သိရသည္။

အေမရိကန္ျပည္ေထာင္စုတြင္ ဥပေဒအရ အသက္ (၈)ႏွစ္ေအာက္ကေလးမ်ားအား အနည္းဆံုး အသက္ (၁၃)ႏွစ္ႏွင့္အထက္ အုပ္ထိန္းမပါဘဲ  ထားခြင့္မရိွသျဖင့္ ကေလးမ်ားအား ထားခဲ့သည့္ အသက္ (၃၇)ႏွစ္အရြယ္ မိခင္ျဖစ္သူမွာ တရားရင္ဆုိင္ေနရၿပီျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ကေလး (၇)ဦးအနက္ (၂)ဦးမွလြဲ၍ က်န္ကေလးမ်ားမွာ ကေလးထိန္းေပးေနျခင္းျဖစ္ေၾကာင္း တာဝန္ရိွသူမ်ားက ကေလးမ်ားအား ကားအတြင္းမွ ထုတ္အၿပီး (၁၀)မိနစ္ခန္႔တြင္ ကားအနီးျပန္ေရာက္လာသည့္ အမ်ိဳးသမီးထံမွ သိရသည္။

ကေလးမ်ား၏အခြင့္အေရးကာကြယ္သည့္အေနျဖင့္ ဖမ္းဆီးခံရသည့္ကေလးမိခင္၏အမည္ကို တာဝန္ရိွသူမ်ားက ထုတ္ေဖၚေျပာၾကားျခင္းမရိွေပ။

Tachileik News Agency
Ref: NBC NEWS

~~~~~~~~⊰❂ Unicode Version ~~~~~~~~
ကလေးက ရဲထံဖုန်းဆက်တိုင်ကြားသဖြင့် ကလေးများကို ကားထဲထားခဲ့ပြီးစျေးဝယ်သည့်မိခင် တရားရင်ဆိုင်နေရ
*************
ကလေးတစ်ဦးက ၎င်းနှင့်ကလေး (၆)ဦး ကားထဲတွင် ကျန်နေခဲ့ကြောင်း 911 ထံ ဖုန်းဆက်အကြောင်းကြားလိုက်သဖြင့် ကလေးများနှင့်စျေးဝယ်ထွက်သည့် မာရီလန်းမှ မိခင်တစ်ဦးမှာ ထောင်ဒဏ်ကျခံရမည့်အရေးနှင့် ရင်ဆိုင်နေရပြီဖြစ်သည်။

မေလ (၁၀)ရက်နေ့ နေ့လယ် (၁)နာရီဝန်းကျင်တွင် ကလေး၏ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိခဲ့ခြင်းဖြစ်ပြီး မာရီလန်း စိန့်ချားလ်စ်စျေးဝယ်စင်တာ ကားရပ်နားရာနေရာတွင် အသက် (၂)နှစ်မှ (၄)နှစ်အရွယ် ကလေး (၇)ယောက်ကို လူကြီးမပါဘဲကျန်နေခဲ့သည်ကို တွေ့ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

မှန်ပိတ်ထားသည့် ကားအတွင်းမှ ကလေးများကို အပြင်ထွက်နိုင်ရန် မီးသတ်အဖွဲ့အကူအညီဖြင့် ထုတ်ယူခဲ့ပြီး ကလေးများမှာ ကားအတွင်း မိနစ် (၂၀)ခန့်ကျန်နေခဲ့ခြင်းဖြစ်ကာ ချွေးများထွက်ကာ ကြောက်လန့်နေကြကြောင်း သိရသည်။

အမေရိကန်ပြည်ထောင်စုတွင်  ဥပဒေအရ အသက် (၈)နှစ်အောက်ကလေးများအား အနည်းဆုံး အသက် (၁၃)နှစ်နှင့်အထက် အုပ်ထိန်းမပါဘဲ  ထားခွင့်မရှိသဖြင့် ကလေးများအား ထားခဲ့သည့် အသက် (၃၇)နှစ်အရွယ် မိခင်ဖြစ်သူမှာ တရားရင်ဆိုင်နေရပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ ကလေး (၇)ဦးအနက် (၂)ဦးမှလွဲ၍ ကျန်ကလေးများမှာ ကလေးထိန်းပေးနေခြင်းဖြစ်ကြောင်း တာဝန်ရှိသူများက ကလေးများအား ကားအတွင်းမှ ထုတ်အပြီး (၁၀)မိနစ်ခန့်တွင် ကားအနီးပြန်ရောက်လာသည့် အမျိုးသမီးထံမှ သိရသည်။

ကလေးများ၏အခွင့်အရေးကာကွယ်သည့်အနေဖြင့် ဖမ်းဆီးခံရသည့်ကလေးမိခင်၏အမည်ကို တာဝန်ရှိသူများက ထုတ်ဖေါ်ပြောကြားခြင်းမရှိပေ။

Tachileik News Agency
Ref: NBC NEWS

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net