တာချီလိတ်မှ COVID -19 ဓါတ်ခွဲနမူနာ (၂၇)ခုအပါအဝင် ရှမ်း(ရှေ့)မှ (၄၅)ခု ကို ဧပြီလ(၂၉)ရက်နေ့တွင် ပို့ဆောင်ထား

တာချီလိတ်မှ COVID -19 ဓါတ်ခွဲနမူနာ (၂၇)ခုအပါအဝင် ရှမ်း(ရှေ့)မှ (၄၅)ခု ကို ဧပြီလ(၂၉)ရက်နေ့တွင် ပို့ဆောင်ထား
ဧပြီ 29, 2020
By Tachileik News Agency

တာချီလိတ်မှ COVID -19 ဓါတ်ခွဲနမူနာ (၂၇)ခုအပါအဝင် ရှမ်း(ရှေ့)မှ (၄၅)ခု ကို ဧပြီလ(၂၉)ရက်နေ့တွင် ပို့ဆောင်ထား

အတည်ပြုလူနာနှင့် ထိတွေ့မှုကြောင့် အသွားအလာ ကန့်သတ်ထားသည့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်၊ မိုင်းယောင်းနှင့် မိုင်းဖြတ်မှ ကျန်းမာရေး ဝန်ထမ်းများနှင့် မိသားစုဝင်များ စုစုပေါင်း (၃၉) ဦးအပါအဝင် ရှမ်းအရှေ့မှ ဓါတ်ခွဲနမူနာ (၄၅)ခုကို ၂၀၂၀ ခုနှစ်၊ ဧပြီလ(၂၉)ရက်နေ့က ရန်ကုန်သို့ ပေးပို့ထားပြီ
ဖြစ်သည်။

ဒီနေ့ Sample တွေ အားလုံးက လေယာဉ်နဲ့ပါသွားပြီ။ ဟိုနေ့က (ဧပြီလ ၂၅ ရက်နေ့) ရှမ်းရှေ့က ပို့ထားတဲ့ ဓါတ်ခွဲ (၃၁) ဦးမှာ အတည်ပြုလူနာကို ပြန်ပြီး ဓါတ်ခွဲစစ်တာတစ်ခုကလွဲလို့ ကျန်တာအားလုံး Negative ဖြစ်ပါတယ်

ဟု ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဘစိုးသက်က တာချီလိတ်သတင်းအေဂျင်စီသို့ ဧပြီလ(၂၉)ရက်နေ့တွင် ပြောသည်။

ယနေ့ ပေးပို့လိုက်သည့် ဓါတ်ခွဲနမူနာများတွင် တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံမှ အသွားအလာကန့်သတ်ထားသည့် ကျန်းမာရေးဝန်ထမ်းနှင့် အတူနေမိသားစုများ စုစုပေါင်း (၂၆)ဦးနှင့် စောင့်ကြည့်လူနာ (၁)ဦး စုစုပေါင်း (၂၇)ဦး ပါဝင်သည်။

မိုင်းဖြတ်ပြည်သူ့ဆေးရုံမှ အသွားအလာ ကန့်သတ်ထားသည့် ကျန်းမာရေးဝန်ထမ်းနှင့် အတူနေ မိသားစုဝင် (၁၀)ဦး၊ မိုင်းယောင်းပြည်သူ့ဆေးရုံမှ အသွားအလာကန့်သတ်ထားသည့် ကျန်းမာရေးဝန်ထမ်းနှင့် မိသားစုဝင် (၃)ဦးတို့ကို ဒုတိယအကြိမ် ဓါတ်ခွဲစစ်ဆေးမှုအဖြစ် ဓါတ်ခွဲနမူနာရယူထားသည့် ဓါတ်ခွဲနမူနာများနှင့် ကျိုင်းတုံ ပြည်သူ့ဆေးရုံမှ စောင့်ကြည့်လူနာ (၃)ဦးနှင့် Facilities Quarantine မှ (၂)ဦးတို့၏ ဓါတ်ခွဲနမူနာများ ပါဝင်ခြင်းဖြစ်သည်။

ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသတွင်း ဧပြီလ (၂၉)ရက်နေ့အထိ တာချီလိတ်မှ (၂)ဦး နှင့် မိုင်းဖြတ်မို့မှ (၁)ဦး စုစုပေါင်း အတည်ပြုလူနာ (၃)ဦးရှိပြီး ကျိုင်းတုံပြည်သူ့ဆေးရုံတွင် ကုသမှုခံယူနေကြခြင်းဖြစ်သည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~