တာချီလိတ်မြို့ ရှမ်းရိုးမကွင်းတွင် ပြည်သူများက မိမိအစီအစဉ်ဖြင့် အာဇာနည်နေ့အထိမ်းအမှတ် အလေးပြု

တာချီလိတ်မြို့ ရှမ်းရိုးမကွင်းတွင် ပြည်သူများက မိမိအစီအစဉ်ဖြင့် အာဇာနည်နေ့အထိမ်းအမှတ် အလေးပြု
ဇူလိုင် 19, 2020
By Tachileik News Agency
တာချီလိတ်မြို့ ရှမ်းရိုးမကွင်းတွင် ပြည်သူများက မိမိအစီအစဉ်ဖြင့် အာဇာနည်နေ့အထိမ်းအမှတ် အလေးပြု

၂၀၂၀ ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်နေ့တွင် ကျရောက်သည့် အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့မှ ဒေသခံပြည်သူများက ရှမ်းရိုးမကွင်းအတွင်း ဗိုလ်ချုပ်အောင်ဆန်းရုပ်တု သယ်ဆောင်လာပြီး ဂါရဝပြု အလေးပြုခြင်း ပြုလုပ်ကြသည်။

ဒီနှစ်ကတော့ COVID 19 နဲ့ ဆိုတော့ လူစုလူဝေးဖြစ်လို့မရတော့ နှစ်တိုင်းလို မကျင်းပနိုင်ဘူး။ ကျန်းမာရေးက ပိုအရေးကြီးတယ်လေ။ ဒါကြောင့် အာဇာနည်ခေါင်းဆောင်ကြီးတွေကိုယ်စား ဗိုလ်ချုပ်အောင်ဆန်းရုပ်ထုတစ်ခုထဲပဲ ရှမ်းရိုးမကွင်းမှာ မနက် (၁၀)နာရီကျောက်လောက် သွားထားပြီး ဈေးသည်တွေကိုလည်း (၁၀)နာရီ (၃၇)မိနစ်မှာ သြဥဆွဲရင်တော့ အလေးပြုပေးကြပါလို့ ဆော်သြပြီး လုပ်ခဲ့တာ။ ရုပ်ထု ရောက်လာတော့ ဈေးသည်တွေ၊ ပြည်သူတစ်ချို့လည်း ပန်းလေးတွေနဲ့ ဂါရဝလာပြုကြတယ်။ သြဥဆွဲချိန်မှာ ဈေးသည်တွေရော အားလုံး ကိုယ့်နေရာကနေကိုယ် အလေးပြုကြပါတယ်

ဟု မဇ္ဇျိမလူမှုကူညီရေးအသင်း ဥက္ကဌ ဦးတင့်ဆွေက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်မြို့တွင် အာဇာနည်နေ့အခမ်းအနားကို နှစ်စဉ်နှစ်တိုင်း ရှမ်းရိုးမကွင်းအတွင်း အာဇာနည်ဗိမာန်တည်ဆောက်ပြီး ဌာနဆိုင်ရာများနှင့် ပြည်သူများ ပူးပေါင်း၍ လွမ်းသူ့ပန်းခွေချခြင်း၊ အလေးပြုခြင်းများကို လုပ်ဆောင်ခဲ့ကြသော်လည်း ၂၀၂၀ ခုနှစ်တွင် COVID 19 ကာကွယ်ရေးအတွက် လူစုလူဝေးမဖြစ်စေရန် ရှမ်းရိုးမကွင်းကို ယာယီပျံကျဈေးအဖြစ် ဖွင့်လှစ်ပေးထားသည့်အပြင် လူစုလူဝေး မဖြစ်စေရေးအတွက် အခမ်းအနားကျင်းပနိုင်ခြင်းမရှိခြင်းဖြစ်သည်။

 Tachileik News Agency
ဓါတ်ပုံ - အောင်ကျော်ဝင်းစိန်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~