COVID 19 ကြောင့် လေယာဉ်ကွင်းအချို့ယာယီပိတ်၊ ပြည်တွင်းလေကြောင်းခရီးစဉ်အချို့ ယာယီရပ်နား

COVID 19 ကြောင့် လေယာဉ်ကွင်းအချို့ယာယီပိတ်၊ ပြည်တွင်းလေကြောင်းခရီးစဉ်အချို့ ယာယီရပ်နား
မေ 28, 2021 | Covid-19

COVID 19 ကြောင့်ဟုဆိုကာ တာချီလိတ်၊ ထားဝယ်၊ မြိတ်၊ ကော့သောင်း၊ ကလေးနှင့် ခန္တီးလေဆိပ်များကို ၂၀၂၁ ခုနှစ် မေလ (၂၉) ရက်နေ့မှစ၍ ဇွန်လ(၇)ရက်နေ့အထိ (၁၀) ရက်ကြာပိတ်လိုက်သဖြင့် ပြည်တွင်းလေကြောင်းခရီးစဉ် အချို့လည်း ရပ်နားထားလိုက်ရကြောင်း သိရသည်။

ယာယီပိတ်လိုက်သည့် လေဆိပ်များမှ တစ်ဆင့် ပျံသန်းပြေးဆွဲမည့် လေကြောင်းခရီးစဉ်များမှာလည်း ယာယီရပ်နားလိုက်ပြီဖြစ်သော်လည်း အခြားပြည်တွင်းလေကြောင်းခရီးစဉ်များနှင့်ပတ်သက်၍ အတည်ပြုနိုင်ခြင်းမရှိသေးပါ။

ပြည်တွင်းလေကြောင်းခရီးစဉ် စီးနင်းမည့်သူများကို COVID 19 စစ်ဆေးပြီးမှ စီးနင်းခွင့်ပြုနေရာမှ စစ်တပ်က ဖေဖေါ်ဝါရီလ (၁) ရက်နေ့တွင် နိုင်ငံ့အာဏာသိမ်းလိုက်ပြီးနောက် COVID 19 ထိန်းချုပ်ကာကွယ်ရေ းလုပ်ငန်းများကို လုပ်ဆောင်နိုင်ခြင်း မရှိတော့ဘဲ လေယာဉ်စီးခရီးသည်များကို COVID 19 မစစ်ဆေးဘဲ စီးနင်းခွင့်ပြုထားခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် မြန်မာ့အိမ်နီးချင်းနိုင်ငံများ၌ COVID 19 ကူးစက်မှုနှုန်း၊ သေဆုံးနှုန်းများ မြင့်တက်နေခြင်းဖြစ်သည်။