ထိုင်းနိုင်ငံ မယ်ဆိုင်မှ တာချီလိတ်မြို့ဘက်ပို့မည့် ခဲယမ်းလက်နက်များကို ကားသမားက ဘတ်(၂၀,၀၀၀)ရ၍ ပေးပို့ဟု ဆို

ထိုင်းနိုင်ငံ မယ်ဆိုင်မှ တာချီလိတ်မြို့ဘက်ပို့မည့် ခဲယမ်းလက်နက်များကို ကားသမားက ဘတ်(၂၀,၀၀၀)ရ၍ ပေးပို့ဟု ဆို

ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ဘက်မှနေ၍ မြန်မာနိုင်ငံ တာချီလိတ်ဘက်သို့ပို့မည့် လက်နက်ခဲယမ်းများကို ၂၀၂၁ ခုနှစ် မေလ (၂၇) ရက်နေ့တွင် မယ်ဆိုင်အကောက်ခွန်က ဖမ်းဆီးရမိကြောင်း သိရသည်။



သေနတ်အမျိုးအစားနှစ်မျိုး စုစုပေါင်း ( ၂၇) လက်နှင့် ကျည်မျိုးစုံအတောင့်ရေ စုစုပေါင်း (၄၆,၃၇၅) တောင့်ကို ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။



ထိုင်းနိုင်ငံသား မောင်းနှင်လာသည့် မော်တော်ယာဉ်ပေါ်မှ သေတ္တာတစ်လုံးကို မြန်မာယာဉ်မောင်း မောင်းနှင်သည့် မော်တော်ယာဉ်သို့ ပြောင်းရွှေ့တင်နေစဉ် မသင်္ကာသဖြင့် စစ်ဆေးရာမှ လက်နက်ခဲယမ်းများထည့်ထားသည့် သေတ္တာများကို ဖမ်းမိခြင်းဖြစ်ကြောင်း သိရသည်။



အဆိုပါ လက်နက်ခဲယမ်းသေတ္တာများကို နယ်စပ်အထိသယ်ယူခအဖြစ် ဘတ် (၂၀,၀၀၀) ရရှိသည်ဟု ထိုင်းယာဉ်မောင်းထံမှ သိရသည်။



 အဆိုပါ လက်နက်ခဲယမ်းများမှာ မူးယစ်မှောင်ခိုလုပ်ငန်းနှင့် ဆက်စပ်ဖွယ်ရှိသည်ဟု ထိုင်းတာဝန်ရှိသူများက ယူဆထားပြီး တာချီလိတ်မှ တာဝန်ရှိသူများနှင့်ပူးပေါင်းဖေါ်ထုတ်မည်ဟု သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသွားသည်။



နယ်စပ်မြို့ဖြစ်သည့် တာချီလိတ်တွင် လက်နက်ခဲယမ်းရောင်းဝယ်မှုများကို မကြာခဏ ဖေါ်ထုတ်ဖမ်းဆီးရမိလေ့ရှိသည့်ဖြစ်စဉ်များလည်း တွေ့ရလေ့ရှိသည်။

Source: MAESAIPRESS

Photo: maesaiaec