ကျိုင်းတုံမြို့တွင် COVID 19 တိုးလာ၍ ဈေးများ ဇူလိုင်လ(၂၂)ရက်နေ့အထိ ယာယီ ပိတ်ရမည်

ကျိုင်းတုံမြို့တွင် COVID 19 တိုးလာ၍ ဈေးများ ဇူလိုင်လ(၂၂)ရက်နေ့အထိ ယာယီ ပိတ်ရမည်
ဇူလိုင် 12, 2021 | Covid-19| ရှမ်းရှေ့

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် COVID 19 တတိယလှိုင်းစတင်လာနေပြီး အတည်ပြုလူနာလည်း တိုးလာ၍ ကျိုင်းတုံမြို့မဈေး၊ နောင်ကွမ်ဈေးနှင့် ယန်းခမ်းဈေးများကို ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ (၁၃) ရက်နေ့မှစ၍ ဇူလိုင်လ (၂၂) ရက်နေ့အထိ ပိတ်ထားမည်ဟု ကျိုင်းတုံမြို့နယ်စည်ပင်သာယာရေးဌာနက အသိပေးကြေညာထားသည်။

အဆိုပါဈေးများ ပိတ်ထားစဉ် မြို့မဈေးအနောက်ဘက်ရှိ ကုန်စိမ်းတန်း၊ ပျံကျဈေးတန်း၊ ဈေးအတွင်းရှိ သားငါးဆိုင်တန်း၊ ဆေးဝါးနှင့် စားသောက်ကုန်ရောင်းသည့်ဆိုင်များ ဖွင့်ခွင့်ရမည်ဖြစ်ပြီး COVID 19 ကာကွယ်ရေးညွှန်ကြားချက်ကို လိုက်နာရမည်ဟု သိရသည်။



ကျိုင်းတုံမြို့၏ Covid-19 တတိယလှိုင်းကို ၂၀၂၁ခုနှစ် ဇူလိုင်လ(၂၉)ရက်နေ့က စတင်လာရာ ယနေ့ ဇူလိုင်လ(၁၂)ရက်နေ့ နေ့လည်(၁၂)နာရီအချိန်အထိ  နေ့တစ်ပိုင်းတွင် အတည်ပြုလူနာ (၇)ဦးထပ်တိုး၍ (၁၄)ရက်အတွင်း Covid-19 ကူးစက်ခံထားရသူ စုစုပေါင်း (၁၉)ဦးအထိ ရှိနေကြောင်း သိရသည်။